Chapter 25- ဘာဖြစ်တာလဲ ငါအနိုင်ရသွားတာလား?

1.4K 317 6
                                    

လေထဲတွင် ပေါ်လာသော ရွှေရောင်စက်ဝိုင်းများသည် သားပေါက်လေးများ ယှဉ်ပြိုင်မည့် ပြိုင်ပွဲလမ်း​ကြောင်းကို အမှတ်အသားပြုရန် ဆောင်ရွက်ပေးသည်။

ပရိတ်သတ်များအတွက် သားပေါက်များကိုပြသသည့် သုံးဖက်မြင်ပုံအပြင် ပြိုင်ပွဲလမ်း​ကြောင်းနေရာ ပန်းတိုင်ဘေးတွင် မြေပုံတစ်ခုလည်း ပါရှိသည်။မြေပုံပေါ်တွင် သား​ပေါက်များ၏ လှုပ်ရှားမှုကိုပြသသော အနီရောင်အစက်လေးများရှိသည်။

ကူတီသားပေါက်လေးတစ်ကောင်သည် ယခုအခါ အလုံးအရင်းနှင့် ကွဲထွက်​နေပြီး ကူဝေတွင် နီးကပ်နေသော်လည်း ပန်းတိုင်မ​ရောက်ခင်အထိ လမ်းကြောင်း၏ သုံးပုံတစ်ပုံသာကျန်ရှိတော့သည်။အောင်မြင်နိုင်ခြေက နည်းပါးပြီး သား​ပေါက်လေးက အနိုင်ယူချင်တယ်ဆိုရင်တော့ ခက်ခက်ခဲခဲ စွမ်းဆောင်နိုင်မှရပါလိမ့်မည်...

ပြိုင်ပွဲ၏ မှတ်ချက်ပေးသူသည် ပရိသတ်​တွေ  စိတ်ဝင်စားမှုခံရသည့်နေရာကို သိရှိနားလည်နိုင်ပြီး လူအများကို ဖြည့်ဆည်းပေးနိုင်ရန် ကင်မရာများကို ကူတီသား​ပေါက်​လေးကို အာရုံစိုက်စေလိုက်သည်။

ကူတီ၊ ကူဝေနှင့် ကော့တိုမျိုးနွယ်တို့၏ သားပေါက်များသည် လုံးဝိုင်းပြီး အ​မွေးပွကြသည်။ အရွယ်ရောက်လာသောအခါတွင် သူတို့ကို ကောင်းကင်အရှင်သခင်များဟု ခေါ်ဆိုနိုင်သော်လည်း သားပေါက်ကလေးများအနေဖြင့် ကောင်းကင်ကြီးသည် စူးစမ်းလေ့လာရန် မရင်းနှီးသေးသော အရာတစ်ခုဖြစ်နေဆဲဖြစ်ပြီး သူတို့ကျော်ဖြတ်ရမည့် စိန်ခေါ်မှုတစ်ခုဖြစ်သည်။

သူတတ်နိုင်သ​လောက် သေးငယ်သောအတောင်ပံ​လေးများကို ခတ်နေသော အနီ​ရောင် ကြီးမား​သောအမွေးအတောင်များရှိသော သား​ပေါက်​လေးသည် စခရင်ပေါ်တွင် ပေါ်လာပြီး ကင်မရာများကို ချဲ့ကြည့်လိုက်သောအခါ ပရိသတ်အားလုံးကို ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။

သား​ပေါက်လေးက သူ့ရှေ့ကကူ​ဝေသား​ပေါက်လေးကို အာရုံမစိုက်ဘဲ အဲ့အစား သူ့အတောင်တွေကို အာရုံစူးစိုက်စွာ ခတ်​လိုက်ပြီး အနီးနားတွင် ​ပေါ်လာ​သောရွှေရောင်စက်ဝိုင်းကို စိုက်ကြည့်နေသည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now