Chapter 53-အကဲဖြတ်မှု့အတွက် ​လျောက်ထားခြင်း

718 151 0
                                    

ဒီမေးခွန်းကိုကြားရန် အဆင်သင့်မဖြစ်​သေးဘဲ ရှဲ့လွမ် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူ့မျက်နှာပေါ်ရှိအမူအရာက အလွန်အံ့အားသင့်​​နေတဲ့ အရိပ်အယောင် ပေါ်လွင်နေသည်။

ရေသူသား​ပေါက်လေးကို မွေးစားဖို့လား...? မတုံ့ပြန်နိုင်ဘဲ ရှဲ့လွမ် နေရာတွင် ခဏ​လောက် တိတ်တဆိတ် ရပ်နေခဲ့သည်။သူရုတ်တရက် ဘာကိုတွေးရမှန်း မသိ​တော့ပဲ ဖြစ်သွားသည်။

သူသည် က​လေးထိန်းတစ်ယောက်ဖြစ်သောကြောင့် ကလပ်တွင် ကလေးများကို နေ့တိုင်း ထိန်းကျောင်းခဲ့သည်။သို့သော် ရှဲ့လွမ်သည် က​လေးတစ်​ယောက်ကို မွေးစားရန် တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။

အခုတော့ တစ်ယောက်​ယောက်က သူ့ကို ဒီမေးခွန်းကို မေးသောအခါ ရှဲ့လွမ် သဘာဝကျကျ တွေးတောဆင်ခြင်မိသွားသည်။


"ငါ..." ရှဲ့လွမ် စကား​ပြောဖို့ ပါးစပ်ကိုဖွင့်လိုက်သော်လည်း သူဘာပြောရမည်ကို မစဉ်းစားရသေးသဖြင့် စကားတစ်ခွန်းမှ မပြောဘဲ သူ့အသံက မှိန်ဖျော့သွားခဲ့သည်။

လူငယ်​လေးက ဘာကိုစိုးရိမ်နေမှန်း သူမမသိပေမယ့် ရှချီရဲ့မျက်နှာဟာ လေးနက်တဲ့အမူအရာနဲ့ ရှိနေဆဲဖြစ်သည်။သူမရဲ့ အသံက သူမရဲ့ ရိုးသားမှုကို ပြပြီး "တကယ်လို့ တစ်ယောက်ယောက်က Galeလေးကို မွေးစားခဲ့မယ်ဆိုရင် မင်းကအသင့်တော်ဆုံးလို့ ငါထင်တယ်"

ရှချီသည် သူမတစ်ယောက်တည်းမဟုတ်ကြောင်းနှင့် ကလပ်ရှိ အခြားသူများကိုမေးမြန်းရင် သူတို့လဲ သူမနှင့်ထပ်တူခံစားရမည်မှာ သေချာသည်။

အဲဒါနဲ့ ပတ်သက်ပြီး ဘာမှလုပ်စရာ မရှိဘူး၊ အို​ခေ။ သူတို့ ရေသူသား​ပေါက်လေးက သူစကားပြောနိုင်တာနဲ့ ပထမဆုံးလုပ်ခဲ့တာက လူငယ်​လေးကို "ပါးပါး"ဟု ခေါ်တာဖြစ်သည်။

သူ့စွမ်းရည်ကို ထိန်းချုပ်ဖို့ သင်ယူတဲ့အခါမှာ သူရေးခဲ့တဲ့ ပထမဆုံးစကားလုံးက အဲ့ဒီလိုပါပဲ။ဒီရေသူသား​ပေါက်လေးက လုံခြုံအောင်ထိန်းသိမ်းဖို့အတွက် လူငယ်​လေးကို သူပထမဆုံးကွာကျတဲ့​ ကြေးခွံကို ဘယ်လိုပေးခဲ့တယ်ဆိုတာ​တောင် မပါ​သေးပါဘူး။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now