Chapter 41.2-အဲ့လိုဖြစ်လာမှာ မဟုတ်ဘူး

948 226 2
                                    

ရှဲ့လွမ်သည် ဧည့်သည်ကို ကြည့်လိုက်ပြီးနောက် အခန်းအတွင်းရှိ အခြားလူများကို အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက်ပေးလိုက်သည်။လင်းရီ အပါအဝင် အတော်များများက တစ်စက္ကန့်အကြာတွင် တုံ့ပြန်ခဲ့ကြပြီး ထိုအကြည့်၏ နောက်ကွယ်မှ အဓိပ္ပါယ်ကိုလည်း နားလည်ခဲ့ကြသည်။

ထိုအချိန်တွင် သူတို့က ရိုးသားတဲ့အပြုံးကို မပြနိုင်ကြ​တော့ပါဘူး။သူတို့ရဲ့မျက်လုံးများက ပြောင်းလဲသွားကာ သူတို့က ခဏတိတ်ဆိတ်စွာ စောင့်ကြည့်နေသည့် အခြေအနေသို့ ရောက်ရှိသွားသည်။

ရေသူသား​ပေါက်လေးသည် ရေထဲတွင်သာ အများစုနေကျပြီး ​ကာရန်အိမ်ထဲသို့ ဝင်လာ​သောအချိန်တွင် သူ့မျက်လုံးများသည် အခန်းတစ်ဝိုက်ကို စိတ်မဝင်စားဘဲ ရိုးရိုးရှင်းရှင်း ကြည့်နေခဲ့သည်။

သား​ပေါက်လေးသည် မိုးလုံလေလုံရေကူးကန်တွင် သို့မဟုတ် ​ကျောင်းခွဲ၏ အသစ်တည်ဆောက်ထားသော သမုဒ္ဒရာပုံစံတူဧရိယာတွင် ရှိနေမည်ဖြစ်သည်။

ဧည့်သည်သည် ကျန်အခန်းကို ဂရုမစိုက်ဘဲ မိုးလုံလေလုံရေကူးကန်ဆီသို့ ရည်ရွယ်ချက်ရှိရှိ လျှောက်သွားသည်ကို မြင်လိုက်ရသဖြင့် ရှဲ့လွမ်သည် သူ့ရင်ခွင်ထဲတွင် ဝှက်ထားသော အ​မွေးပွပွသား​ပေါက်လေးကို ခဏအောက်ချလိုက်ပြီး ထိုလူကိုအမြန်အမှီလိုက်လိုက်ပြီး ​ရေကူးကန်စီသို့ အတူတူ လမ်းလျှောက်လာလိုက်သည်။

အကျွမ်းတဝင်ရှိသော ခြေသံနှင့် နောက်ထပ် မရင်းနှီးသော ခြေသံရှိ​နေသည်။အဲ့ဒါကို ကြားလိုက်ရသည်မှာ မိုရီသား​ပေါက်လေးနှင့် ရယ်မောစွာ လိုက်ဖမ်းတမ်းကစားနေသည့် ရေသူသား​ပေါက်လေးသည် ရပ်တန့်လိုက်ကာ မျက်နှာပြင်ပေါ်သို့ စူးစမ်းစွာ ကူးခတ်လာရန် လုံလောက်သည်။

အစွန်းဘက်သို့ ရွေ့လျားသွား​နေသော ရေသူသား​ပေါက်လေး၏ မျက်လုံးများက သူ့ဆီသို့ လျှောက်လာ​နေသည့် လူသားလူငယ်​လေးကို စိုက်ကြည့်နေသည်။သူတို့နီးလာသောအခါတွင် သား​ပေါက်လေးသည် လူငယ်​လေး၏​ နောက်တစ်လှမ်းအကွာတွင် လမ်း​လျှောက်လာ​သော တခြားလူကို သတိထားမိလိုက်ပြီး...၎င်းသည် အရွယ်​ရောက်ပြီးရေသူထီးဖြစ်သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now