Chapter 43.1-ကြယ်တာရာမဟာမိတ်အဖွဲ့ တရားရုံးချုပ်

973 214 2
                                    

လောလောဆယ်မှာတော့ ကလေးရဲ့မျက်လုံးထဲမှာ "လူဆိုး"က မောင်းထုတ်ခံခဲ့ရပေမယ့် ယွင်​ပေါင်​ကျောင်းခွဲက လူတွေကတော့ အဲ့အတွက်ကြောင့် အေးအေးဆေးဆေး ဖြစ်မနေပါဘူး။ တကယ့် မုန်တိုင်းက သူတို့ရှေ့မှာ ရှိနေတုန်းပဲဆိုတာ သူတို့အားလုံးသိသည်။

ဒီလိုမိသားစုကြီးတွေက ဘယ်လို အဓိပ္ပါယ်မျိုး သုံးမယ်ဆိုတာ သူတို့ မသိခဲ့ကြပေမယ့် သူတို့ ဆုံးဖြတ်ချက်ချလိုက်ပြီး အားလုံးက တူညီတဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားကြသည်။

​ကျောက်ချွမ်သည် ဒုဥက္ကဠအသစ်၏ ထုတ်ပယ်ခံလိုက်ရသောအခါတွင် လင်းရီသည် သူ့အလှည့်ရောက်မလားဟု အမှန်တကယ် တွေးတောမိသည်။

အဲဒီတုန်းက သူပြခဲ့တဲ့ အလုပ်ရဲ့ သဘောထားက လစာ ဘယ်လောက်ရလဲဆိုတာဖြစ်သည်။အခြေခံအားဖြင့် သူလုပ်သင့်လုပ်ထိုက်တာကိုသာလုပ်ခဲ့ပြီး တခြားဘာမှ မလုပ်​ပေ။

ဒါ​ပေမယ့်​ သူက ထုတ်​ပယ်​မခံခဲ့ရပါဘူး။ လင်းရီက တကယ်ကို မမျှော်လင့်ထားသလို ခံစားခဲ့ရသည်။

ထို့နောက်တွင် သူသည် ​ကျောင်းခွဲတွင် ဆက်လက်နေထိုင်ပြီး အလုပ်လုပ်ခဲ့သည်။ကလပ်က တဖြည်းဖြည်း ဖွံ့ဖြိုးလာတာကိုကြည့်ပြီး ကလပ်ထဲက သား​ပေါက်လေးတွေက အရင်ကထက် ပိုပြီးပျော်ရွှင်လာပြီး သက်တောင့်သက်သာ ဖြစ်လာတာကို သူ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

သူ့ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်တွေက ကလေးတွေကို နေ့စဥ် ဂရုတစိုက်နဲ့ လုံ့လဝရိယစိုက်ထုတ်ပြီး စောင့်ရှောက်​ပေးကြသည်။ဤအငွေ့အသက်ကြောင့် လင်းရီသည် ပို၍လေးနက်လာပြီး ဤကာလအတွင်း ယွင်​ပေါင်​ကျောင်းခွဲနှင့် ပတ်သက်သည့် ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။သူများတွေလိုပဲ ဒီအချိန်မှာ သူမပေးချင်ခဲ့ဘူး။

"ငါတို့ ဒီကနေ ဘယ်ကိုသွားမလဲဆိုတာ မင်းဆုံးဖြတ်ဖို့ပဲ။" ဟူဒီမိသားစုက​နေ ပို့လိုက်တဲ့လူက နှင်ထုတ်ခံလိုက်ရကြောင်း အကြောင်းကြားသဖြင့် ဥက္ကဠက ခေါင်းတညိတ်ညိတ်နှင့် ဆုံးဖြတ်ချက် ချပိုင်ခွင့်အာဏာကို သူ့ရှေ့တွင်ရှိ​သော လူငယ်​လေးအား ပေးလိုက်သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now