Chapter 32-​ကြေးခွံ​တွေကို လုံခြုံတဲ့​နေရာမှာ ထိန်းသိမ်းထားခြင်း

1.4K 324 9
                                    

ရေကူးကန်ကို အတွင်းတွင်တည်ဆောက်ထားပြီး တခြားသားပေါက်​လေးများရှိသည့်နေရာနှင့် အတော်လေးနီးကပ်သော်လည်း သားပေါက်အများစုမှာ ရေမကူးတတ်ပေ။​ရေကူးတတ်သူတွေက ရေကူးကန်မှာ ဆော့ဖို့ အစပြုဖို့ဆိုတာ ကြုံ​တောင့်ကြုံခဲဖြစ်သည်။

နောက်ဆုံး​တွင် ထိုသားပေါက်များသည် အခြေခံအားဖြင့် အ​မွှေးများဖြင့်ပြုလုပ်ထားပြီး အ​မွှေးများသည် ရေနှင့်ထိတွေ့ပြီးသည်နှင့် စိုစွတ်လာပြီး လေးလံလာမည်ဖြစ်သည်။

နောက်ပိုင်း သူတို့ထွက်လာတဲ့အခါ သူတို့အတတ်နိုင်ဆုံး ရေကိုဖယ်ထုတ်ဖို့ အများကြီး အားထုတ်ရပြီး သူတို့ရဲ့ သားမွေးတွေ တဖြည်းဖြည်း ခြောက်လာဖို့ စောင့်ရသည်။

တကယ်တော့ ရှဲ့လွမ်က ရေကန်ထဲက​နေ စိုစွတ်နေတဲ့သား​ပေါက်က တွားသွားထွက်လာတာကို မြင်တဲ့အခါမှာ ​သေချာ​ပေါက် သူသား​ပေါက်ကို သူ့အလိုလို ခြောက်သွားအောင် ပစ်ထားမှာမဟုတ်ပါဘူး ။သူမျက်နှာသုတ်ပုဝါကြီးကိုကိုင်ပြီး သား​ပေါက်ကို ပတ်ထား​ပေးပြီး သူ့သားမွေးတွေကို ဖြည်းညှင်းစွာ သုတ်​ပေးရင်း သား​ပေါက်ကိုကိုင်ထားပြီး သူ့လက်နှစ်ဖက်နဲ့ သူတို့ကိုချီထားမှာဖြစ်သည်။

သား​ပေါက်၏ခန္ဓာကိုယ်က အတော်လေးခြောက်သွေ့သွားပြီးနောက်၊ ထို့နောက် သူလေမှုတ်စက်နဲ့ ဆင်တူတဲ့ တစ်စုံတစ်ခုကိုသုံးပြီး သားပေါက်၏အမွေး​တွေကို ​လေမှုတ်ပြီး နောက်ထပ် ​ခြောက်​အောင်လုပ်​ပေးမှာဖြစ်သည်။

လုပ်ငန်းစဉ်တစ်ခုလုံးသည် အချိန်အများကြီးမကြာ​ပေ။

သူတို့ကို သူလက်ဖြင့် ခြောက်​အောင်လုပ်​ပေးရသည့် အကြောင်းရင်းမှာ သူတို့ကလပ်မှာ ရေကူးကန်ဘေးတွင် အခြောက်ခံအခန်းငယ်တစ်ခု မတည်ဆောက်ရသေးသောကြောင့်ဖြစ်သည်။ ဒါပေမယ့် ရှဲ့လွမ်က ဒါကို စိတ်ထဲမထားခဲ့ပါဘူး။သူတို့ကို ခြောက်​အောင်လုပ်​ပေးတာက အလုပ်အများကြီးမဟုတ်သလို တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်သာဖြစ်ပြီး မကြာခဏ လုပ်စရာမလိုပါဘူး။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now