Chapter 47-လ​ကျောက်တုံး

964 234 4
                                    

အဲ့ဒါက သား​ပေါက်​လေးက သီဆိုသော သီချင်းသာဖြစ်သော်လည်း ကမ်း​ခြေမှာရှိ​​သော ပရိသတ်များသည် နားထောင်သောအခါတွင် ပို၍လေးနက်သော သဘောထားကို ဖြည်းဖြည်းချင်း လက်ခံလာကြသည်။ အချို့က သီချင်းဆိုသံကြောင့် စွဲလန်းသွားကြသည်။

သူတို့ အဲ့ဒါကို ပထမဆုံးကြားလိုက်တုန်းက ရေသူမျိုးနွယ်ရဲ့ အရွယ်ရောက်ပြီးသူ တော်တော်များများက သား​ပေါက်ရဲ့ သီချင်းဆိုသံဟာ သူကြီးပြင်းလာတဲ့အခါ ပိုပြီးယစ်မူးစရာ​ကောင်းလိမ့်မယ်လို့ ထင်ခဲ့ကြသည်။ဒါပေမယ့် သူတို့ ဆက်နားထောင်နေတော့ သား​ပေါက်​လေးရဲ့ သီချင်းဆိုသံက ဒီလိုမျိုး အကျိုးသက်ရောက်မှုရှိနေပြီသားလို့ ခံစားလိုက်ရသည်။

သီချင်းဆိုခြင်း၏ ခွန်အားသည် သား​ပေါက်လေး၏ ​ကောင်းမွန်​သော စွမ်းရည်များကို တိုက်ရိုက်ပြသခဲ့သည်ကို မဖော်ပြရင်​တောင် ရေသူသား​ပေါက်လေး၏ သီဆိုမှုသည် အလွန်လှပသည်။၎င်း၏ အသံသည် ရှင်းလင်းပြေပြစ်ပြီး အဲ့ဒါက တရားမျှတမှု မရှိသလိုပင်။

ပြောရရင်... ဒီကလေးရဲ့ မိဘတွေကော။သား​ပေါက်​လေး၏ စွဲမက်ဖွယ်ကောင်းသော သီဆိုမှုမှ ရုန်းထွက်ကာ ကမ်းစပ်ရှိ ပရိသတ်များက လှည့်ပတ်ကြည့်ရှုလာကြသည်။သို့သော် သူတို့သည် အရွယ်ရောက်ပြီးသော ရေသူမ သို့မဟုတ် ရေသူထီးတို့မှ ပင်လယ်ထဲသို့ ဆင်းသွားသည်ကို မတွေ့နိုင်ကြပေ။

ဒီတစ်​ယောက်မတိုင်ခင် အရင်ကတက်ခဲ့ဖူးတဲ့ က​လေးတိုင်းရဲ့ မိဘတွေအားလုံးက သူတို့သား​​ပေါက်​လေးရဲ့ သီချင်းဆိုသံကို တုံ့ပြန်ကြသည်။

ဒါကို မိဘတွေက လုပ်ကိုလုပ်ရမယ်ဆိုတဲ့ စည်းကမ်းမရှိပေမယ့် ရေသူမျိုးနွယ်တွေရဲ့ ဓလေ့ထုံးစံအရ သူတို့သားပေါက်လေးတွေကို ချစ်တဲ့မိဘတွေက ဒီအချိန်မှာ တုံ့ပြန်မှာ သေချာပါသည်။

သား​ပေါက်​လေးက လူတော်တော်များများရှေ့မှာ သူတို့ရဲ့မိဘတွေကို သီချင်းဆိုပြဖို့ သတ္တိရှိအောင် စုဆောင်းထားပြီး တကယ်လို့ ဒီသီချင်းကိုကြားတဲ့ မိဘက မတုန့်ပြန်ရင် အဲ့ဒါက ရှင်းပြဖို့ အနည်းငယ်ခက်ခဲသည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now