V5 Chapter 38 - နိမိတ်

Comenzar desde el principio
                                    

ဖရာလီတာကတော့ ပစ္စည်းတွေကို နေရာတကျထားပြီးပြီးချင်း အလုပ်ရုံတစ်ပိုင်းဖြစ်နေတဲ့ မက်ဒါနာရဲ့အိပ်ခန်းကိုလှည့်ပတ်ကြည့်တယ်။

"အရင်တစ်ခါလာတုန်းကထက်စာရင် နင့်အခန်းက ပိုကျဥ်းသွားသလိုထင်ရတယ်။ ဒီအခန်းထဲမှာပဲ နင်အလုပ်လုပ်တာလား။" ဖရာလီတာမေးတော့ မက်ဒါနာခေါင်းညိတ်ပြတယ်။ ဖရာလီတာကတော့ အလုပ်စားပွဲပေါ်က ပြင်လက်စ သူပေးထားတဲ့ချစ်သက်လက်ဆောင် စက်ရုပ်လက်အိတ်လေးကိုတွေ့တော့ ကိုင်ကြည့်ရင်း ပြုံးလိုက်ပါတယ်။

"ဒီတော့ ငါ့လက်အိတ်လေးက နင့်အသက်ကို ကယ်လိုက်သေးတယ်ပေါ့။" လက်အိတ်ရဲ့ပျက်စီးနေတဲ့ အနေအထားနဲ့တင် မက်ဒါနာက ဒီလက်နက်ကိုသုံးပြီး အန္တရာယ်တစ်ခုကနေ ကာကွယ်ဖို့ကြိုးစားခဲ့တယ်ဆိုတာ ပြောနိုင်တယ်လေ။

မက်ဒါနာက ဝှီးချဲကို အလုပ်ရုံစားပွဲမှာထိုင်နေပြီဖြစ်တဲ့ ဖရာလီတာနား မောင်းသွားလိုက်တယ်။ အခုသူတို့က ဘေးချင်းယှဥ်လျက် ထိုင်နေသလိုဖြစ်နေပြီ။

"အင်းလေ၊ ဘယ်ကရောက်လာမှန်းမသိတဲ့ မြူတန့်တစ်ယောက် ငါ့ကိုလုပ်ကြံလို့ သုံးလိုက်ရတာ။ ဖရက်လာကယ်လို့ တော်သေးတယ်။"

ဖရာလီတာကတော့ ဖရက်အကြောင်း မက်ဒါနာ့ပါးစပ်ကနေထွက်လာလို့ မျက်နှာကြီးဆူပုပ်လို့ရယ်။ "ငါနင့်ကို လာမကယ်ချင်လို့မဟုတ်ဘူးနော်၊ ငါလည်းအလုပ်တွေရှုပ်နေလို့လေ။"

"သိပါတယ်၊ ကောင်မစုတ်လေးရဲ့။ နင်မကယ်လိုက်ရလို့ ဖရက်ကိုမနာလိုဖြစ်နေတာမဟုတ်လား။"

"အခွင့်အရေးရရင် ငါက သူ့ကိုနုပ်နုပ်စင်းပစ်မှာ။" ဖရာလီတာက ပြုံးပြုံးလေးနဲ့ ကြောက်စရာစကားကိုပြောလိုက်တယ်။ ကလေးလေးတစ်​ယောက်လို အပြစ်ကင်းစင်တဲ့ လေသံနဲ့ဆိုပေမဲ့ရယ်လို့ သူ့မျက်လုံးတွေကတော့ တဖြတ်ဖြတ်တောက်ပနေပြီး သွေးဆာမှုကို မြင်တွေ့နိုင်ပါတယ်။ ကြည့်ရတာ ဖရက်ရဲ့နေ့ရက်တွေ လှပတော့မယ့်ပုံမပေါ်ဘူး။

ဖရာလီတာက ဘယ်တတ်နိုင်မလဲလို့ပြောရင်း သက်ပြင်းချတယ်။ နောက်တော့ မက်ဒါနာရဲ့အလုပ်ရုံစားပွဲက အံ့ဆွဲကို သူဆွဲဖွင့်တယ်။

I just Wanna be Hero, not Heroine (Season 2)Donde viven las historias. Descúbrelo ahora