မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်

Start from the beginning
                                    

ရွာအကြီးကဲ၏သားများ၊ချွေးမများသည်လည်း ကြောင်နေကျကာ ပိုင်လီအား ငေးကြည့်နေကျလျက် တစ်ခုခုက သူတို့မျက်နှာအား ဖြတ်ရိုက်သွားသလို ခပ်ရေးရေးခံစားနေကျရပေသည်။

သူတို့မိသားစုသည် ရွာတွင် လေးကောင်းရှိသောတစ်ခုတည်းသောမိသားစုဖြစ်ပြီး လယ်အလုပ်အားလပ်ချိန်များ၌ တောင်ပေါ်တတ်ကာအမဲလိုက်လေ့ရှိသော်လည်း လက်ဗလာဖြင့်ပြန်လာရသည်ကများပြီး ကံကောင်းသည့်နေ့ဆိုပါက ရစ်ငှက်တစ်ကောင်၊သို့မဟုတ် တောယုန်တစ်ကောင်ရတတ်၏။ သို့သော် သူတို့ရှေ့မှလူငယ်သည် သူ၏ဘဝတစ်လျောက်၌ ယနေ့မှတောင်ပေါ်စတတ်ဖူးသော်လည်း ရစ်ငှက်ငါးကောင်နှင့်ပြန်လာခဲ့သည်တဲ့။

အခု သူတို့ကို ယုံခိုင်းနေတာလား။ မယုံဘူး သူတို့ လုံးဝမယုံဘူး!။

ထိုကဲ့သို့ ရယ်ရခက် ငိုရခက်အခြေနေတွင် ပထမဆုံးသတိပြန်ဝင်လာသူမှာ ရွာအကြီးကဲပင်။

သူသည် ပိုင်လီက တကယ်တောင်ပေါ်တတ်ကာအမဲလိုက်ခဲ့ပြီး ရစ်ငှက်များစွာရခဲ့ကာ သူတို့ကိုပင်ပေးရန်ဆန္ဒရှိသဖြင့် ကျေနပ်သွားပေသည်။ သူသည် ပျော်ရွှင်စွာဖြင့်...

"ဘာကိုပေးနေတာလဲ ပြန်ယူသွားပြီး မင်းအိမ်ကကောငယ်လေးတွေကိုသာကျွေးလိုက်ပါ မင်းပြောတော့ ရှောင်ဟန်လည်းနေမကောင်းဘူးဆို သူ့ကိုလည်းအသားလေးကျွေးလိုက်ပေါ့ ပြန်ယူသွား ပြန်ယူသွား မနက်ဖြန်တောင်ပေါ်တတ်ဦးမှာဆိုရင် လေးကိုလည်းယူသွားလိုက် အခုကရိတ်သိမ်းချိန်မလို့ ငါတို့လည်း တောင်ပေါ်မတတ်နိုင်သေးဘူး"

ရွာအကြီးကဲသည် ပိုင်လီ ဆန္ဒရှိသည်နှင့် ကျေနပ်သည်။ ထို့အပြင် ပိုင်လီသည် အမှန်တကယ်အမဲလိုက်သွားခဲ့သော်လည်း အရင်ကအကျင့်များ ရှိနေသေးမည်ကို သူစိုးရိမ်မိ၏။ ပိုင်လီသည် သူ၏မိသားစုအား ဘယ်သောအခါကမှ စားစရာများမပေးခဲ့သလို ယခုရစ်ငှက်များကိုလည်း သူ့မိသားစုမှကောများကို မကျွေးမှာကိုသာ အကြီးကဲကစိတ်ပူနေမိသည်။

တုရှီနှင့်ကျန်လူများသည် သူတို့ဦးစီး၏စကားသံကြားမှ သတိပြန်ဝင်လာပြီး သူတို့မျက်ဝန်းများထဲ၌ နှမျောတသရိပ်များ ဖြတ်သန်းသွားကျ၏။ သူတို့က ပိုင်လီအမဲလိုက်နိုင်တာကိုမယုံပေမယ့် အဲဒါက ရစ်ငှက်ကိုမစားချင်တာလို့မှ မဆိုလိုတာ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now