V5 Chapter 34 ဆင့်ကဲဖြစ်စဥ်

Start from the beginning
                                    

ဝဲလ်ဆင်လည်း အဲဒီအော်သံကို ကြားတာပေါ့။ သူနောက်ကို လှည့်ကြည့်လိုက်တယ်။ သူ့မျက်နှာပေါ်က အပြုံးမပျောက်သေးဘူး။ လက်ထဲမှာတော့ ရေခဲမုန့်ကတော့သုံးခုကို ပြည့်ပြည့်ကျပ်ကျပ်ကိုင်ထားတယ်။

သူမြင်လိုက်ရတာက လမ်းမပေါ်ရောက်နေတဲ့ သူ့သားလေးရယ်၊ ကိန်တိန်နာကားကြီးတစ်စီးရယ်။ စိတ်လှုပ်ရှားမှုကြောင့် အားအင်ယုတ်လျော့ပြီး ပလက်ဖောင်းပေါ်ကို လဲကျသွားတဲ့ မိန်းမဖြစ်သူရယ်ကိုပါ။

အဲဒီအခိုက်အတန့်မှာ အချိန်တွေအားလုံး နှေးကျသွားသလိုပဲ။ လမ်းတစ်ဖက်ခြမ်းက ကင်းခြေများမြူတန့်က သာမန်လူတွေအနေနဲ့ လှုပ်ရှားဖို့မဖြစ်နိုင်တဲ့ အမြန်နှုန်းမျိုးနဲ့ ခပ်မြန်မြန်လှုပ်ရှားပြီး ကလေးနားကိုရောက်သွားတယ်။

အဲဒီနောက် ကင်းခြေများက ကလေးကိုသူ့ရဲ့သံမဏိလိုမာကျောတဲ့ လက်မောင်းတွေနဲ့ ဆွဲညှစ်လိုက်တော့တယ်။ ဝဲလ်ဆင်ရဲ့မျက်လုံးရှေ့မှာပဲ သူ့သားလေးရဲ့ခန္ဓာကိုယ်က တစ်စစီဖြစ်သွားတယ်။ ကလေးရဲ့သွေးတွေက လမ်းမတစ်ခုလုံးကို နီရဲသွားစေတဲ့အထိ ပက်ဖြန်းပြီးသားဖြစ်သွားတယ်။ ကင်းခြေများတစ်ပိုင်းမိန်းက​လေးရဲ့တစ်ကိုယ်လုံးမှာလည်း သွေးတွေနဲ့ပေကျံနေတယ်။

ကွန်တိန်နာကားကလည်း အရှိန်မထိန်းနိုင်ဘဲ ကင်းခြေများကို ဝင်တိုက်ပြီးရပ်သွားတယ်။ ကားခေါင်းခန်းက လုံးဝကြေမွသွားပြီး ဒရိုက်ဘာသေသလားရှင်သလား ဝဲလ်ဆင်မမြင်ရဘူး။

အဲဒီကြောက်မက်ဖွယ်ရာအဖြစ်အပျက်ကြီး ဖြစ်ပွားပြီး အတော်ကြာတဲ့အထိ ဝဲလ်ဆင်ကြောင်ပြီး ရပ်ကြည့်နေမိတယ်။ နောက်တော့ ပန်းခြံထဲမှာရှိနေတဲ့ လူတွေထဲကတစ်ယောက်က စအော်ဟစ်တယ်။

"အား... မကောင်းဆိုးဝါးကြီး လူသတ်နေပါတယ်ဗျို့။"

"တစ်ယောက်ယောက်ရဲခေါ်ကြပါ။"

"ဗီလိန်... ဗီလိန်... ဟီးရိုးတွေမလာသေးဘူးလား။"

....

"ဝဲလ်ဆင်... ကျွန်မတို့သားလေး... ကျွန်မတို့သားလေး။" ကလေးဖြစ်သူက ပွဲချင်းပြီးသေသွားသလို မိန်းမဖြစ်သူပါ နှလုံးရောဂါဖောက်လာတဲ့အတွက် ဆေးရုံတင်လိုက်ရတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now