V5 Chapter 34 ဆင့်ကဲဖြစ်စဥ်

Start from the beginning
                                    

"ပေပေ...ပေပေကြီး... ဘောလုံးဝယ်ပေး။" စကားမပီသေးတဲ့ ကောင်စုတ်လေးလည်း ကားစျေးဆိုင်တစ်ခုမှာချိတ်ထားတဲ့ ဘောလုံးတွေကို သတိထားမိသွားပြီး စပူဆာတော့တယ်။

"ဟုတ်ပြီ...ဟုတ်ပြီ... ဖေဖေဝယ်ပေးမယ်။" ဝဲလ်ဆင်က ရာထူးတိုးလို့ စိတ်ကောင်းဝင်နေတဲ့အတွက် ပိုက်ဆံအိတ်ကိုထုတ်ပြီး သားရေဘောလုံးလေးတစ်လုံး ဝယ်ပြီး သား​လေးကို ပလပ်ဖောင်းပေါ် ချပေးလိုက်တယ်။

"ယောက်ျား၊ ကလေးကို ပလက်ဖောင်းပေါ်မှာ ဆော့ခိုင်းလို့ဖြစ်ပါ့မလား။ လမ်းပေါ်မှာ ကားတွေနဲ့လေ။"

"ကိုသိပါတယ်၊ ဒါပေမဲ့ ခဏလေးပဲဥစ္စာ။ ကိုရေခဲမုန့်ဝယ်လိုက်ဦးမယ်။ ပြီးမှ ပန်းခြံထဲခေါ်သွားပြီး ဆော့ခိုင်းတာပေါ့။"

ကလေးလေးက ဘောလုံးကို လက်ထဲမှာပိုက်ထားပြီး အဖေဖြစ်သူကိုမော့ကြည့်ကာ ပြောလိုက်တယ်။ "ချောကလက်... ချောကလက်..."

"ဟုတ်ပြီ၊ သားလေးဖို့ အဖေချောကလက်ရေခဲမုန့် ဝယ်ပေးမယ်နော်။ မိန်းမရေ၊ ကလေးကြည့်ထားလိုက်ဦး။" အဲဒီနောက် ဝဲလ်ဆင်က ပိုက်ဆံထုတ်လိုက်ပြီး နည်းနည်းလှမ်းလှမ်းမှာရှိနေတဲ့ ရေခဲမုန့်ကားဆီသွားတယ်။

ကလေးက ပျော်ပျော်ကြီးကစားနေခဲ့တာကြောင့် ကလေးအမေက ဘာမှမပြောရက်တော့ဘဲ နောက်ကနေပဲ လိုက်ကြည့်တယ်။ ဝဲလ်ဆင်ကတော့ ရေခဲမုန့်ကားဆီရောက်နေပြီဖြစ်ပြီး ရေခဲမုန့်စက်က ရေခဲမုန့်တွေကို ကတော့ထဲအပြည့်ထည့်ဖို့သာ အာရုံစိုက်နေခဲ့တယ်။

ဒါပေမဲ့ ဘယ်သူသိခဲ့မှာလဲ၊ အဲဒီလို ကြည်နူးစရာအချိန်မှာပဲ လေပြင်းပြင်းတစ်ချက်တိုက်လာပြီး ကလေးလေးကစားနေတဲ့ဘောလုံးက လမ်းမဘက်ကို ရောက်သွားလိမ့်မယ်ဆိုတာကိုပေါ့။

ကလေးက ဘောလုံးကိုကောက်ဖို့အတွက် လမ်းမပေါ်ကို ပြေးတက်သွားတယ်။ ကွန်တိန်နာကားကြီးတစ်စီးကလည်း လမ်းပေါ်မှာ အမြန်လွန်းမနှေးလွန်းတဲ့အရှိန်နဲ့ မောင်းလာနေတယ်။ ကလေးအမေက ကလေးကိုဆွဲဖို့လုပ်ပေမဲ့ ကလေးက လမ်းမပေါ်ကို အတော်ရောက်နှင့်ပြီးနေပြီ။

"တစ်ယောက်ယောက် ကယ်ကြပါဦး။" ကလေးအမေ အလန့်တအားအော်လိုက်တဲ့အသံက ပန်းခြံအနှံပြန့်သွားတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now