အခန်း-၁၀၄(အိမ်အပြန်)

Start from the beginning
                                    

​ပေါ်ယွီ သူ့အခန်းထဲ တံခါးတွန်းဖွင့်ဝင်လိုက်သည်။အခန်းအတွင်းရှိ ပရိ​ဘောဂခန်းစီးအပြင်အဆင်နှင့် ပစ္စည်းပစ္စယာ​သေး​သေး​လေး​​တွေရဲ့ အခင်းအကျင်းတို့အစ သူ အိမ်မှထွက်သွားစဉ်အချိန်ကနှင့် ကွဲပြားခြင်းနတ္ထိ။အိပ်ရာထက်က အိပ်ရာခင်းပင်လျှင် လွန်ခဲ့တဲ့ဆယ်နှစ်က သူ အကြိုက်ဆုံးကာတွန်း​ဇာတ်​ကောင်ရုပ်ပုံဖြစ်၏။ စုံ​ထောက်ကိုနန် !!!

ဖရဲသီး​လေးကပါ ​ပေါ်ယွီ့အခန်းထဲ ​တောက်​တောက်​တောက်​တောက် ​​ပြေး၀င်လာပြီး အိပ်ရာခင်း​ပေါ်က ကိုနန်အား လက်ညှိုး​လေးထိုး​မေးသည်။
" ပါးပါး ၊ သူက ဘယ်သူလဲ ??? "

" ထာ၀ရလူသတ်သူရဲ​ကောင်း ကိုနန် "
​​ပေါ်ယွီ့မျက်နှာက ​​လေးလံနက်ရှိုင်း​နေသည်။

ဖရဲသီး​လေးက ​" အွန်း " ဟု လေသံ​​ဖျော့​ဖျော့မျှ နားလည်​ကြောင်း အသံပြုလိုက်သည်။က​လေး​လေးက ​ပေါ်ယွီ့​ဘောင်းဘီစ​လေးကို ဆွဲလှုပ်၍ စိတ်အားထက်သန်စွာ ​မေးမြန်းလိုက်၏။
" ပါးပါး ၊ ဒက်ဒီ​ရောဟင် ??? "

" မင်းရဲ့ဒက်ဒီက အလုပ်များ​နေတုန်း။ သူ အလုပ်​တွေအားရင် ပါးပါးတို့​နောက် လိုက်လာလိမ့်မယ် "

​ပေါ်ယွီက စာအုပ်စင်ထံ ​​လမ်းလျှောက်လိုက်သည်။စင်​ထောင့်တစ်​နေရာက ဖုန်အလိမ်းလိမ်း​ပေ​နေ​သော မီးခိုး​ရောင်မှတ်စုစာအုပ်ကို လက်လှမ်းယူလျက် ဖုန်မှုန့်များအား မှုတ်ထုတ်လိုက်​သောအခါ မျက်နှာကို ဖုန်​တွေနှင့် ပက်ဖျန်းလိုက်သည့်အလား။

ဖရဲသီး​လေးရဲ့မျက်နှာ​လေးက ရုတ်တရက် ​ပြောင်းလဲသွားကာ ​ပေါ်ယွီဆီ လုံးတုံးလုံးတုံး​လေး ​ပြေးလာသည်။ဖရဲသီး​လေးက သူ့ပါးပါးကို စိုးရိမ်တကြီး ​မော့ကြည့်ရင်း ​အော်​ပြောလိုက်သည်။
" ပါးပါး ၊ ဖူး ... ဖူး ... ၊ သား မှုတ်​ပေးမယ် "

​ပေါ်ယွီက မျက်လုံးများကို ဖွင့်ချည်ပိတ်ချည် တဖြတ်ဖြတ်ခတ်ပြီး လက်ညှိုးနှင့် ပွတ်သပ်လိုက်သည်။ထို့​နောက် ​ရေချိုးခန်းသို့ နံရံကို စမ်း​​လျှောက်၍ မျက်နှာထက်က ဖုန်မှုန့်များအား ​ဆေး​ကြောလိုက်၏။ယင်းဖုန်မှုန့်များ ဝင်သွားသဖြင့် ပေါ်ယွီ့မျက်ဝန်း​တွေက နီရဲ​နေ​လေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now