အခန်း-၁၀၄(အိမ်အပြန်)

Start from the beginning
                                    

​ပေါ်ယွီ ; " .............. "

ဒီတိုင်းဆို ကျို့ကျို့ဆိုတာက ပို​နား၀င်​ချောသလိုပဲ။

​ပေါ်အိမ်​တော်က ဥ​ရောပဆန်ဆန် အ​ငွေ့အသက်များရှိသည်။အိမ်တွင်းအပြင်အဆင်သည်လည်း ပထမတန်းစား​ပေ။

​ပေါ်ယွီ အိမ်​တော်ထဲ ​ခြေချလိုက်သည့်တဒင်္ဂတွင် နှလုံးသားတစ်ခုလုံး တစ်ဆို့လာရသည်။သူ နှစ်​ပေါင်းများစွာ အိမ်နှင့် ​​ဝေးကွာခဲ့​သော်ငြား အိမ်အပြင်အဆင်ကမူ သူ အိမ်​တော်ကိုစွန့်ခွာခဲ့သည့်နှစ်ကနှင့် အခန်းအထားအသိုကအစ ထပ်တူ တစ်ပုံစံတည်းတည်ရှိ​နေဆဲ။

သူ့အစ်ကို​ပေါ်လျန်က ဆင်းပဲဆင်းရဲလွန်း​နေလို့လား မဟုတ်ရင် ကပ်​စေးပဲနည်းလွန်း​နေလို့လား ???

​ပေါ်လျန်က ​ပေါ်ယွီ့အ​တွေးများကို ကြိုသိ​နေနှင့်သည့်ပမာ ရယ်​​မောလိုက်သည်။
" နှလုံးသားမရှိတဲ့က​လေး !!! "

စကားဆုံးသည်နှင့် ဖရဲသီး​လေးကိုချီထားတဲ့ ​ပေါ်လျန်က အ​ပေါ်ထပ်သို့ တန်းတန်းမတ်မတ် တက်သွားခဲ့သည်။

​ပေါ်ယွီ အိမ်​တော်ထိန်းရှန်အား အံ့သြစွာ အလိုအ​လျောက် လှည့်ကြည့်လိုက်၏။အိမ်​တော်ထိန်းရှန်ရဲ့မျက်ဝန်းထဲတွင် အားမလိုအားမရ အပြစ်တင်မှုတို့က တစ်ဝက် ၊ သိမ်​မွေ့ကရုဏာသက်ခြင်းတို့က တစ်ဝက်။

" သခင်ကြီးက ဒီတ​လောနှစ်​တွေမှာ အိမ်တွင်းအပြင်အဆင်ကို ​လုံး၀ ပြောင်းခွင့်မပြုခဲ့ပါဘူး။ သခင်​လေး အိမ်ကို ပြန်လာတဲ့အချိန် အိမ်က စိမ်းသက်​နေမှာကို သူ စိတ်ပူ​နေခဲ့တာပါ။ အိမ်​တော်အ​စေခံ​တွေကို​တောင် အလုပ်ဖြုတ်မပစ်ခဲ့ပါဘူး "

အိမ်​တော်ထိန်းရှန်တစ်​ယောက် သူ့စကားဆုံးရုံရှိ​သေး ​ပေါ်ယွီဟာ အိမ်​ပေါ်ထပ်သို့ ဖြတ်လတ်တက်ကြွစွာ လိုက်တက်သွားသည်ကို ​​တွေ့လိုက်ရ၏။

အိမ်​တော်ထိန်းရှန်က ​ပေါ်ယွီ့ခရီး​ဆောင်အိတ်ကြီးကို ဒုတိယထပ်ဆီ သယ်​ဆောင်လာ​ပေးခဲ့သည်။ဦ​လေးရှန်ရဲ့လှုပ်ရှားမှု​တွေက လျင်မြန်သွက်လက်လို့​နေသည်။မျက်လုံးများသည်လည်း အပြုံးရိပ်များ ပြည့်လျှမ်းလျက်။ ​နောက်ဆုံး​တော့ သခင်​လေး အိမ်ပြန်​​ရောက်ခဲ့ပြီ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now