Chapter 30-သား​ပေါက်အသစ်လာမှာလား?

Start from the beginning
                                    

ဖုယာသည် ယွင်​ပေါင်ကို တတ်နိုင်သမျှ အကျိုးကျေးဇူးများစွာ ပေးစွမ်းရန် ကြိုးစားခဲ့သည်ဟုဆိုနိုင်သည်။ ထိုအချိန်တွင် သူမ၏သားလေးသည် ပထမဆုရမည်ဟု သူမ မထင်ထားခဲ့သော်လည်း သူမသားလေးသည် ပြိုင်ပွဲတွင် ပါဝင်လာပြီး သူ အသစ်ဖွံဖြိုးတိုးတက်ထားသော ပျံသန်းနိုင်စွမ်းကို ပြသပြီးနောက် စာကိုထုတ်ဝေပါက အရှိန်ပိုရလိမ့်မည်ဟု သူမခံစားခဲ့ရသည်။

ဖုယာသည် ယွင်ပေါင်​ကျောင်းခွဲအတွက် ကျော်ကြားမှုကို ရယူလိုခဲ့သည်။

သို့သော် သူမသည် အလွန်ကျေးဇူးတင်နေသော်လည်း သူတို့အားလုံးကို ကျေးဇူးတင်​နေတဲ့ အ​ကြောင်းချည်းပဲ မဟုတ်ပါဘူး။ သူမသားလေးကို ယွင်​ပေါင်​ကျောင်းခွဲမှာ အမြဲထားဖို့ ဆုံးဖြတ်ထားပြီးဖြစ်လို့ ယွင်​ပေါင်​ကျောင်းခွဲကို ပိုမိုကောင်းမွန်တဲ့ အဆောက်အဦးတွေ ဖွံ့ဖြိုးလာဖို့ မျှော်လင့်ခဲ့တာတော့ သေချာသည်။

ရှင်းယူတွင် မကြာသေးမီက ဆွေးနွေးမှုနှင့်ပတ်သက်၍ ​အေရီ​ကျောင်းခွဲက ခရစ်ဒစ်ရ​နေပြီး ဖုယာက အဲ့ဒါကိုမမျှော်လင့်ထားသော်လည်း ကျေးဇူးတင်လွှာနှင့်ပတ်သက်ပြီး သူမလုပ်ဆောင်ခဲ့သော အစီအစဉ်ကို ထိခိုက်ခြင်းမရှိပေ။

ယခုအချိန်တွင် ရှင်းယူက အကြောင်းအရာကို လိုက်ကြည့်သူတိုင်းနီးပါးသည် ကျေးဇူးတင်လွှာကို ဖတ်ပြီးပြီ ဖြစ်သည်။ စာထဲမှာတော့ သားပေါက်ရဲ့မိဘတွေက 'ယွင်​ပေါင်' သားပေါက်ပျိုး​ထောင်​ရေးကျောင်းခွဲဟာ သားပေါက်တိုင်းရဲ့လိုအပ်ချက်တွေကို အရမ်းဂရုစိုက်ပြီး တတ်နိုင်သမျှ အကောင်းဆုံးပြုစုစောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။

သား​ပေါက်​လေးအား စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုအတွက် ယွင်​ပေါင်​ကျောင်းခွဲကို မိဘ​တွေက အထူးကျေးဇူးတင်ရှိကာ အဲ့ဒါက သားပေါက်အား ပိုမိုတက်ကြွပြီး ယုံကြည်မှုရှိစေကြောင်း ပြောကြားခဲ့သည်။

တက်ကြွမှုနှင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုအကြောင်းပြောရလျှင် လူများစွာသည် အရင်က လူငယ်​လေးချီတာခံထားရ​သော သားပေါက်လေးသုံးကောင်သည် သူတို့ရင်ဘတ်ကို မြင့်မြင့်​မြှောက်ထားပြီး စင်မြင့်​ပေါ်​တွေရပ်​နေ​သည်ကို ပြန်မ​တွေး​တောပဲမ​နေနိုင်​ပေ…။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now