Chapter (15) Zawgyi

Start from the beginning
                                    

ဆယ်မင်းဆက်လာသောညများတွင် နွေဦးသည် ဝရန်တာမှာထွက်၍ အရက်မသောက်တော့ပေ။ စိတ်ကူးစိတ်သန်းများ ကွန့်မြူးစွာဖြင့် ဗိသုကာဒီဇိုင်းပုံများကို ကြိုးကြိုးစားစား ဆွဲလေ့ရှိသည်။ ထိုကလေးက ညအိပ်ပြီးလျှင် မနက်ကျောင်းကို သူ့ကွန်ဒိုဆီကနေပဲတန်းသွားသည်။ ထိုအခါများတွင် နွေဦးက ဆယ်မင်းဆက်အတွက် မနက်စာပါအသင့်ပြင်ပေးထားရသည်။

ဆယ်မင်းဆက်သည် ပိုပိုပြီး ရင့်ကျက်တည်ငြိမ်လာသည်။ စာအမြဲတမ်းလုပ်နေရသော ခပ်အေးအေးတက္ကသိုလ်ကျောင်းသားပုံစံ ပေါက်သွားခဲ့သည်။ Always Barကိုလည်း အမြဲတမ်းမသွားရတော့သဖြင့် ညအချိန်ခါတွင်တက်ကြွရွှင်လန်းတတ်သော ခေတ်လူငယ်ပုံစံလေး
သည် တစ်စစနှင့်ပျောက်ကွယ်လို့သွားသည်။ ဆယ်မင်းဆက်သည် နွေဦးရှေ့မှောက်မှာပင် တစ်ဆင့်ချင်းပြောင်းလဲသွားခြင်းဖြစ်သည်။

ထိုကလေးသည် လွန်စွာလိမ္မာနေပြီဟု နွေဦးထင်ခဲ့သည်။ တနင်္ဂနွေတစ်ခုမှာ အန်တီမေခင်အိမ်သွားရင်းမှ ဆယ်လေးသည်ပုန်ကန်တတ်သောအကျင့်မပျောက်သေးကြောင်း သိလိုက်ရတော့သည်။


တနင်္ဂနွေပိတ်ရက်နေ့ခင်းတွင် အမေခိုင်းသဖြင့် အန်တီမေခင်တို့အိမ်ကို နွေဦးရောက်ခဲ့သည်။ ကိုလင်းမာန်ရှိလျှင်အလုပ်ကိစ္စပါတစ်ခါတည်းပြောသွားမည်ဟု တွေးထားသည်။ နေ့လယ်စာစားချိန်ကျော်နေတာမို့ အန်တီမေခင်မရှိလောက်ဟု နွေဦးထင်သည်။ ကိစ္စမရှိပါ။ အိမ်မှာရှိသောအလုပ်သမားကို အမေပေးခိုင်းသည်များကိုပေးပြီး ပြန်ခဲ့ရုံတင်။

အန်တီမေခင်တို့ အိမ်ရောက်သောအခါမှာတော့ သူအချိန်မှားကာရောက်လာမိကြောင်း သိလိုက်ရသည်။ အန်တီမေခင်
နှင့်ဆယ်လေးတို့ သားအမိနှစ်ယောက်စကားများနေခြင်းဖြစ်၏။ ထိုအချိန်တွင် နွေဦးကမီးဖိုခန်းထဲမှာ အမေပေးလိုက်သောပစ္စည်းတွေ နေရာချပေးရင်း ကိုလင်းမာန်နှင့်စကားပြောနေခြင်းဖြစ်သည်။

ဧည့်ခန်း၏အနောက်ဘက်တွင်ရှိသော
အန်တီမေခင်၏အခန်းကနေ သားအမိနှစ်ယောက်စကားများရင်း ထွက်လာကြသည်။ ကိုလင်းမာန်က မီးဖိုခန်းထဲကနေ ထွက်သွားသည်။ အန်တီမေခင်နှင့်ဆယ်လေးတို့က အကြီးအကျယ် ရန်ဖြစ်နေကြသည်မဟုတ်သော်လည်း သူတစ်ခွန်းငါတစ်ခွန်းဖြင့် စကားကိုအသံမာမာပြောနေကြခြင်းဖြစ်သည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now