Chapter (11) Zawgyi

Start from the beginning
                                    

ညဘက်များတွင် တစ်ခါတစ်ရံမျက်ရည်ပေါက်ကြီးငယ်ကျရင်း မိုးလင်းသွားသည်လည်းရှိ၏။

ဓနသိုက်ထားသွားတဲ့အချိန်ကလဲ သူအခုလိုခံစားရတာပဲ အခုလဲထပ်ပြီး...

သို့ပေမဲ့ နွေဦးသည် အမှောင်ထုထဲတွင် ကြာကြာမနေရချေ။

သူ့ကိုအစဉ်သဖြင့် မေးမြန်းချုပ်ချယ်နေသော ဆယ်မင်းဆက်ဆီက ဖုန်းဝင်လာသောကြောင့်ပင်။

"အင်း ဆယ်လေး"

"ကိုကို ဘာနေ့သားလဲ"

ကောက်ကာငင်ကာမေးလာသောစကားက နွေဦးကို နည်းနည်းတွေဝေသွားစေသည်။

"တနင်္လာသား"

"အင်း သိပြီကိုကို နေ့လယ်စာမလွတ်စေနဲ့နော် ကျွန်တော်ဒီနေ့လုပ်စရာရှိလို့ ကိုကို့ဆီမလာနိုင်ဘူး"

"အင်း သိပြီ"

တဖြည်းဖြည်းနဲ့ ဒီကလေးဟာ နွေဦးကို အမိန့်တွေပေးနေတော့တာပါပဲ။

"ညနေစာသေချာပေါက်စားရမယ်နော် အရက်မသောက်နဲ့လို့မပြောပါဘူး။ ဒါပေမဲ့ အများကြီးတော့မသောက်နဲ့ပေါ့"

"အေးပါ ဆယ်လေးရာ ငါ့ကိုအရမ်းအမိန့်မပေးပါနဲ့"

ကလေးတစ်ယောက်ဆီကနေ ဆုံးမခံနေရတာက တော်တော်ကိုစိတ်ကသိကအောက်ဖြစ်စေသည်။

သူက ဆယ်မင်းဆက်မကြိုက်ဘူးဆိုတာနဲ့အင်းမလုပ်တော့ဘူး ဆိုပြီး မလုပ်မဲ့သူမျိုးမှမဟုတ်တာ။ ဒီကလေးက သူ့ကိုထိန်းချုပ်ချင်လွန်းတယ်။

"ကျွန်တော်ကိုကို့ကို လွှတ်ထားပေးတယ်ဆိုတာ ကိုကိုစိတ်ချမ်းသာအောင်လို့... မဟုတ်ရင် ကျွန်တော် ကိုကို့ဘေးနားမှာပဲ ကျောက်ချနေလိုက်မှာ၊ ကျွန်တော်အခုပြောနေရတာတွေက ကိုကို့အတွက်ပါဗျာ..စေတနာကိုနားလည်မှပေါ့... ပြီးတော့ ကိုကိုတစ်ခုခုဖြစ်ရင် ကျွန်တော်အရမ်းစိတ်ထိခိုက်ရမှာ အဲတာလေးပဲမှတ်ထားပေး"

စိတ်ရှည်လက်ရှည်ချော့မော့နေသည့် ဆယ်မင်းဆက်အသံက အေးချမ်းလွန်းနေသည်။ ချိုချိုသာသာဖြင့် စကားတစ်လုံးချင်းဆီပြောနေပုံက သူသတ်ကိုယ်သတ်ဖြစ်ခဲ့သည့်အချိန်များနှင့် လားလားမျှမဆိုင်။ နွေဦးသည် အသက်ကြီးနေပါပြီ။ ချွဲနွဲ့မှုတွေရော ချော့မော့မှုတွေရော မခံရတာ နှစ်ချီနေပြီ။ ငါအကြီး ဆိုသည့်သမာဓိကျောက်တိုင်လေးဟာ အယိုင်ယိုင်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now