အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)

Start from the beginning
                                    

​ပေါ်ယွီ ချီယန်​ပြောတာ​တွေကို မယုံကြည်။သူ ဟွားချန်မြို့​တော်မှ ထွက်သွား​တော့မည်ဖြစ်​ကြောင်း ကွဲအက်စွာ ဆို၍ စုန့်ရှီလင်နှင့် ခဏ​​လေးဖြစ်ဖြစ် စကား​ပြောခွင့်ရရန် ​ခွင့်​တောင်းခဲ့သည်။

" သူက မင်းနဲ့ စကားမ​ပြောချင်ပါဘူးဆို​နေ။ သူ ငါ့ကို မင်းဆီ ​စကားပါးခိုင်းလိုက်တယ်။ ​ဝေး​ဝေးထွက်သွား ၊ ပြန်မလာခဲ့နဲ့တဲ့ "
ချီယန် ​လှောင်​ပြောင်ခဲ့သည်။ထို့​နောက် သူ ဖုန်းချပစ်လိုက်၏။

​ထိုအခိုက်အတန့်တွင် ပေါ်ယွီ လုံးလုံးလျားလျား အကြွင်းမဲ့ လက်​လျော့ခဲ့သည်။စုန့်ရှီလင်က သူ့အ​ပေါ် ရက်ရက်စက်စက် ပြုမူသည်ဟု သူ ယုံကြည်​သော​ကြောင့်မဟုတ်။အနှီစကားလုံး​တွေက ချီယန် လုပ်ကြံ​ပြောဆို​နေတာ​တွေဖြစ်သည်။

​ပေါ်ယွီအား စုန့်ရှီလင်ကို လက်​လျော့​စေခဲ့ရသည့် အ​ကြောင်းအရင်းသည် ချီယန်က စုန့်ရှီလင်၏ဟန်းဖုန်းကို ပိုင်စိုးပိုင်နင်း ယူကိုင်နိုင်ခြင်းတည်း။စုန့်ရှီလင်ရဲ့ဖုန်းက မည်သူမျှ လွယ်လင့်တကူ ယူကိုင်လို့မရနိုင်​ချေ။

ချီယန်က စုန့်ရှီလင်ရဲ့ဖုန်းကို ယူကိုင်ခွင့်ရတယ်ဆိုမှ​တော့ သူတို့နှစ်ဦးဆက်ဆံ​ရေးက အလွန်တရာ နီးကပ်​​ကြောင်း ညွှန်ပြ​နေသည်။

​ပေါ်ယွီ SIM card ကို ဖြုတ်ကာ အမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။သူ ခရီး​ဆောင်အိတ်ကို ဆွဲလျက် ​လေယာဉ်ကြီးထံ တ​ရွေ့​ရွေ့ ​လျှောက်လှမ်းလာခဲ့သည်။

​ပေါ်ယွီရယ် ၊ စုန့်ရှီလင်ရယ် မသိခဲ့ကြတဲ့အရာတစ်ခုက ...........

ထိုနေ့က စုန့်ရှီလင်ဟာ အစည်းအ​ဝေးတက်​နေခဲ့သည့်အပြင် သူ့ဖုန်းကို ရုံးခန်းထဲမှာ ထားရစ်ခဲ့သည်။စုန့်ရှီလင်ရုံးခန်းသို့ ​ချောင်း​ပေါက်မတက် တ​သော​သော လာ​နေတဲ့ ချီယန်က ထိုနေ့ကလည်း ရုံးခန်းအတွင်း ဇွတ်ဝင်သွားခဲ့သည်။အတွင်း​ရေးမှူးချူသည်လည်း ချီယန်အား မတားဆီးနိုင်​ပေ။

အဲဒီလိုနဲ့ ........

ချီယန်က ​ပေါ်ယွီနှင့်စုန့်ရှီလင်တို့ကြား ခ​လောဆန်သပ်လျှိုခဲ့သည်။သူက ဖုန်းအဝင်မှတ်တမ်းကို ခိုး​ကြောင်ခိုးဝှက် ဖျက်ပြီး ဘာကိစ္စမှ မရှိခဲ့သည့်နှယ် ဆိုဖာခုံ၌ စုန့်ရှီလင်အား ထိုင်​စောင့်​နေခဲ့​လေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now