အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)

Start from the beginning
                                    

သို့​ပေသိ ​စုန့်ရှီလင်ကားထဲမှ ဆင်းလာ​သည့် ချီယန်ကို သူ မြင်ခဲ့ရသည်။အကွာအ​ဝေးတစ်ခု ခြားနား​နေသည်မို့ စုန့်ရှီလင်နှင့်ချီယန်တို့ ​ပြော​နေကြတာ​တွေကိုမူ ​ပေါ်ယွီ မကြားခဲ့ရ​ချေ။​ပေါ်ယွီ သူ ချက်ချင်း လှည့်ပြန်ခဲ့တာကိုပဲ သိ​တော့သည်။

ဟန်ကျစ်ယွီက သူ့ချစ်သူ​ကောင်​လေး ​ရှောင်ပိုင်အား ​ပေါ်ယွီထံ မိတ်ဆက်​ပေးခဲ့သည်။​ရှောင်ပိုင်က ​ပေါ်ယွီနှင့် ညလုံး​ပေါက် အတွင်းကျကျ ရင်ဖွင့်​ဆွေး​နွေး​​​ပေးခဲ့သည်။​နောက်ဆုံး၌ ​ပေါ်ယွီ ဤက​လေး​လေးကို ​မွေးဖွားသန့်စင်ရန် ဆုံးဖြတ်ခဲ၏။ ဒါ သူ့က​လေး ၊ သူ လိုချင်တယ် ၊ သူ ပျိုး​ထောင်နိုင်တယ် !!!

ဒီဆုံးဖြတ်ချက်ကို ချလိုက်သည်နှင့်တစ်ပြိုင်နက် ​ပေါ်ယွီဟာ ဟန်ကျစ်ယွီလက်ကို ဆွဲလျက် သူ့အား ဟွားချန်မြို့​တော်က​နေ ထွက်သွားဖို့ ကူညီ​ပေးရန်နှင့် ထိုအ​ကြောင်းကို လျှို့ဝှက်ထား​ပေးရန် ​တောင်းဆိုခဲ့သည်။ စုန့်ရှီလင်အပါအဝင် ဘယ်သူ့ကိုမဆို လျှို့ဝှက်ထား​ပေးပါ ...

ဟန်ကျစ်ယွီ ကတိပေးခဲ့သည်။

​ပေါ်ယွီတစ်​ယောက် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ​ဆေးစစ်မှုများ ပြုလုပ်ပြီး​သောအခါ ​လေယာဉ်လက်မှတ်တစ်​စောင်နှင့်အတူ ​လေဆိပ်သို့ ​ရောက်လာခဲ့သည်။သူ စုန့်ရှီလင်ထံ ဖုန်းမ​ဆက်မီ ​ခေတ္တမျှ တုံဆိုင်းနေခဲ့၏။

သို့​ပေမင့် တစ်ဖက်က ဖုန်းကိုင်လိုက်တဲ့လူဟာ ချီယန်ဖြစ်​နေသည်။

" ငါ သူနဲ့ ပြန်တွဲ​နေတာ။ ငါ ပြန်​ရောက်​နေကတည်းက မင်းဇာတ်လမ်း ဒီမှာတင် အလိုလိုဆုံးပြီ "

​ပေါ်ယွီ ချီယန့်စကားများကို မ​ချေပနိုင်ခဲ့။သူ့မျက်ဝန်း​တွေက ရဲရဲနီလာသည်။သူ့ဝမ်းကြာတိုက်အတွင်းက ခပ်ဖွဖွ ကန်​ကျောက်လှုပ်ရှား​နေ​သော က​လေး​လေးကိုပင် ဂရုမပြုမိ​ပါချေ။

" သူ့ဆီ ဖုန်းထပ်မဆက်နဲ့။ သူက မင်းနဲ့ စကား​ပြောချင်စိတ် လုံဝမရှိဘူး။ ​သြော် ဒါနဲ့ ငါ တစ်ခု​ပြောဖို့ ​မေ့​နေတယ် ၊ သူက ငါ့ကိုပဲ အမြဲတမ်း ကြိုက်​နေခဲ့တာ။ မင်းက ပြည့်တန်ဆာအဆင့်သာသာပဲ "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now