အခန်း(၂၀၇) ကုယျန်ရှန်း ... ငါ မင်းကို ခွင့်လွှတ်ခဲ့တာ ကြာပြီ။

Start from the beginning
                                    

'သူကလက်မခံဘဲ အဝေးသို့သာ ရှောင်ထွက်နေခြင်းလည်း မရှိတော့ပြီ။'

ထိုသို့ ပြောင်းလဲမှုသေးသေးလေးများကို ရှာဖွေတွေ့ရှိသွားသည့် ကုယျန်ရှန်းမှာတော့ ဝမ်နျဲ့နျန်ရှေ့မှောက်သို့ အချိန်တိုင်း ပေါ်လာရဲနေပြီ ဖြစ်သည်။ အချိန်တိုင်းလည်း တစ်စ စနှင့် တိုး၍ စမ်းစစ်နေလေသည်။

...

ပြတင်းပေါက်၏အပြင်ဘက်၌ မိုးသားတို့က ရပ်စဲသွားမည့်ဟန်ပန်မရှိဘဲ ဆက်၍သာ ရွာသွန်းနေသည်။

အိပ်ရာထက်၌ အဖျားဝင်ပြီး အပူကြီးစွာအိပ်ပျော်နေသည့် ကုလင်ရှိနေပြီး ပိုင်ကျင်ချန်က ဘေး၌ထိုင်၍ ဂရုစိုက်ပေးနေသည်။

"အမေ ... မသွားပါနဲ့။ ကျွန်တော် လိမ္မာပါ့မယ် ... ကျွန်တော် ကိုကိုနဲ့ ရန်မဖြစ်တော့ပါဘူး ... မသွားပါနဲ့ "

ဆုပ်ကိုင်နိုင်ခြင်း မရှိသော လေထုထဲ၌ ကုလင်က လက်ကိုဆန့်၍ တစ်စုံတစ်ခုကို တားဆီနေဟန် လှမ်းနေပြီး မျက်နှာထက်၌ နာကျင်စရာခံစားချက်များထင်းလျက် ယောင်ယမ်းနေသည်။

"အ‌မေ ... မသွားပါနဲ့ ... ကျွန်တော် လိမ်လိမ်မာမာ နေပါ့မယ် ..." ကုလင်လေးမှာ ကြမ်းပြင်ပေါ်သို့ တွန်းထုတ်ခြင်း ခံလိုက်ရသည်။ နာကျင်ခြင်းကိုပင် အရေးတယူပြုမနေနိုင်သော ထိုကလေးက လုယွင်၏ခြေထောက်ကို ဖက်ကာ ဝပ်တွား၍ နေနေသည်။

"အမေ ... ကျွန်တော် ကိုကိုနဲ့ ရန်မဖြစ်တော့ဘူး။ ကျွန်တော် ဘာမှလည်း မလိုချင်ဘူး။ ကျွန်တော် အမေ့ကိုပဲ လိုချင်တာပါ ... အမေရော ကျွန်တော့်ကို မလိုချင်ဘူးလား ... ကျွန်တော် တောင်းပန်ပါတယ်..."

"သူ့ကို ခေါ်သွားလိုက်တော့ ... ကျွန်မမှာ သူ့နဲ့အငြင်းပွားနေဖို့ အချိန်မရှိဘူး။" လုယွင်က လက်မှနာရီကို ငုံ့ကြည့်၍ ဘေးတွင်ရပ်နေသော ဦးလေးစူကို ပြောလိုက်သည်။

"မဒမ် ... သခင်လေးက ငယ်သေးလို့ မစဉ်းစားတတ်သေးတာပါ ... သူက ကလေးပဲ ရှိသေးတယ်လေ ..."ဦးလေးစူက ငိုယိုတောင်းပန်နေရှာသော သနားစရာကုလင်ကိုကြည့်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။

"သခင်လေး ? ကုမိသားစုရဲ့ သခင်လေးက အခု နိုင်ငံခြားမှာ ရှိနေတယ် ... သူက ဘာကို သခင်လေးဖြစ်ရမှာလဲ။ ရှောင်ရှန်းက မကြာခင် တရုတ်ကိုပြန်လာတော့မှာ ... အဲ့ဒီအချိန်ကျရင် သူက ဘာမှ အသုံးမဝင်တော့ဘူး။ သူ့ကို မိဘမဲ့ဂေဟာ ပြန်ပို့လိုက်"

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now