ပြောချင်တာ ပြောပြီး နောက်မှာတော့ နင်မုန့် လှည့်ထွက်သွားလေတော့၏။ ထိုအချိန်မှာပဲ သူမ အနောက်မှာ ရပ်နေတဲ့ လင်းချင်ပေ့ကို မြင်လိုက်ရသည်။ သူ့ကို ခေါင်းသာ ညိမ့်ပြလိုက်ပြီးနောက် နင်ဝမ့်ထောင်ရဲ့ ရုံးခန်းထဲသို့ ထွက်သွားလေ၏။

လင်းချင်ပေ့ကို တွေ့တဲ့အခါ လျူယင်းရဲ့ မျက်ဝန်းတို့က တောက်ပသွားသည်။ သူမအနေနဲ့ သူ့ကို စိတ်ကျေနပ်စေချင်သည်။ "လင်းချင်ပေ့ ကျွန်မတို့က ကုမ္ပဏီတစ်ခုတည်းရဲ့ လက်အောက်ကပဲလေ။ ကျွန်မတို့တွေ တစ်ယောက်နဲ့ တယောက်ရဲ့ Weibo accountတွေကို ဘာလို့ followမလုပ်ဘဲ နေရမှာလဲ?"

အနက်ရောင် hoodie ၀တ်ထားတဲ့ သူ့ပုံစံက လက်ရှိထက် ငယ်ရွယ်ပုံ ပေါက်နေပြီး ခွန်အားပြည့်ဝနေပုံ ပေါ်သည်။ သူမကို တချက်စစ်ဆေး ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာသာ သူမကို ပြောလိုက်၏။ "အားနာပါတယ်။ ကျွန်တော် အခုလို နာမည်ကြီးလာခဲ့တာ မိန်းကလေးနင်နဲ့ အတူရှိနေတာကြောင့်လေ။ ဘာကိစ္စနဲ့များ ကျွန်တော်က ခင်ဗျားနဲ့ Weibo accountချင်း ဖလှယ်ရမှာလဲ?"

လျူယင်း ကြက်သေ သေသွားသည်။

လင်းချင်ပေ့ကတော့ စိတ်ကြီးဝင်စွာနဲ့ ထွက်သွားလိုက်လေ၏။

ကျန်ခဲ့တဲ့ လျူယင်းကတော့ သူမရဲ့ ဒေါသတွေကို ထိန်းချုပ်ထားလို့နေ၏။ ဒေါသထွက်ပြီး အန္တရာယ်ရှိတဲ့ မျက်ဝန်းတွေနဲ့ သူတို့ နှစ်ယောက်ကို ကြည့်နေရင်းမှ အသက်ပြင်းပြင်း ရှူနေလိုက်သည်။

***

လျူယင်းကို ထေ့ငေါ့ ပြောဆိုပြီးသွားတဲ့အခါ နင်ဝမ့်ထောင်ရဲ့ အခန်းထဲသို့ နင်မုန့် ထွက်သွားလိုက်သည်။ ထိုအချိန်မှာ သူမရဲ့ ဖုန်းက တုန်ခါလာ၏။ group chatထဲမှ စာပဲဖြစ်လေသည်။

စုယွဲ့ : [ချီရှန် ပြောခဲ့တဲ့ စကားကြောင့် ဖေးပိုင်ကိုတောင် သတိရမိသွားတယ်။ အလယ်တန်းတုန်းက ငါ နဲ့ ဖေးပိုင်က တခန်းတည်းကျတာ။ ငါတို့ အခန်းထဲမှာ အရမ်း ရှက်တတ်တဲ့ ကောင်မလေး တစ်ယောက် ရှိတယ်။ သူမက သတ္တိတွေစုပြီး အတန်းပြီးသွားတော့ ဖေးပိုင်ကို ပြောလာတယ် "ငါ နင့်ကို သတိထားမိနေတာ တော်တော်ကြာပြီ။ ကျောင်းဆင်းတဲ့အချိန်ကျ ငါနဲ့ ကွင်းထဲမှာ လာတွေ့လို့ရမလား?" တဲ့လေ

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now