အခန်း ၁၉၇ ဝင်လုခြင်း

693 61 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၁၉၇

ဝင်လုခြင်း

ဘာသာပြန်.Soul

"ကောင်းပြီ"

စီနီယာဖန်းဟု ခေါ်ဆိုသူက မျက်နှာဖုံးအောက်မှ ပြောလိုက်ပြီး လက်ရမ်းကာ သားရဲနေရာ ဖွင့်လိုက်လျှင် အထဲမှ အရိပ်တစ်ခု ထွက်လာလေ၏ ။

ထိုအရိပ်မှာ လျှပ်စီးကြောင်းအလား လျှင်မြန်စွာ ရွေ့လျားနေပြီး အဆင့်ရှစ် သားရဲအား ချက်ချင်း ဖောက်ဝင်သွားလျှင် သားရဲမှ သွေးများ ပန်းထွက်လာသည်။ အရိပ်မှာ ရပ်တန့်ခြင်း မရှိဘဲ ထွားကျိုင်းသူနောက် လိုက်သွားလျှင် ထွားကျိုင်းသူမှာ အနောက်မှ ဆူညံသံ ကြားရ၍ လှည့်ကြည့်လိုက်ရာ အံ့ဩသွား၏ ။

ထို့နောက် အမြန် ဓားအား ထုတ်ပြီး ကြယ်တာရာ စွမ်းအင်ဒိုင်းနှင့်အတူ ဓားအား ကိုင်၍ အရိပ်ကို ခုခံရန် သူ ပြင်လိုက်၏ ။

ဓားမှာ ရတနာ တစ်ခုပင် ဖြစ်ကာ ဆယ်မီတာ ပတ်လည်ရှိ လေများ လှိုင်းထလာပြီး ခုတ်လိုက်ရာ အရိပ်မှ လျှင်မြန်စွာ ရှောင်၍ သူ၏ အနီးသို့ ပို၍ မြန်ဆန်စွာ လာနေ၏ ။

ထွားကျိုင်းသူက လက်သီးဖြင့် ထပ်ထိုးရာ မထိလိုက်ပေ။  ပြင်ဆင်ချိန် မရသော်လည်း သေရန် စောင့်မနေဘဲ နောက်တစ်ဖက်နှင့် ထပ်ကာ အရိပ်အား ထိုးလိုက်၏ ။

ထွားကျိုင်းသူ၏ ဘွဲ့မှာ လက်သီး ဖြစ်ပြီး ရှေးဟောင်း လက်သီးပညာ တတ်မြောက်ထား၍ သူ၏ လက်သီးတွင် ကြီးမားစွာသော ခွန်အား စုစည်းနေ၍ လေပင် တုန်ခါကာ ရှိနေခြင်းကြောင့် မတိုးမကျယ် အသံများ ကြားနေရပြီး ဓားနှငိ့ ခုတ်သည်ထက် ပို၍ အန္တရာယ် ရှိနေ၏ ။

အနီးကပ်နေခြင်းကြောင့် အရိပ်မှာ ရှောင်ရန် အချိန်မရဘဲ လက်သီးချင်းထို မိသွားရာ စွမ်းအင်များမှာ အရိပ်မှ ဖောက်၍ မြေပေါ် ကျသွားပြီး ဘန်းခနဲ အသံနှင့် ခုနစ် ၊ ရှစ်မီတာခန့် အချင်းရှိသော လက်သီးရာတစ်ခု အရိပ်နောက်ရှိ သစ်ပင်တွင် ပေါ်လာ၏ ။

ထို လက်သီးရာနှင့် သစ်ပင်မှာ ယိမ်းထိုးနေပြီး သစ်ရွက်များလည်း ကျလာလျှင် အစစ် မဟုတ်ကြောင်း သိရခြင်းကြောင့် သူ့အာရုံခံမှုသူ လွဲခဲ့ကြောင်း မယုံနိုင် ဖြစ်၍ ထွားကျိုင်းသူ တုန်လှုပ်သွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now