အခန်း ၈၅ ပြင်းထန်သော တိုက်ပွဲ

739 100 0
                                    

အခန်း ၈၅ ပြင်းထန်သော တိုက်ပွဲ

ဘာသာပြန်.Soul

ဆုယန်းယင်းအတွက် သူမသားရဲမှာ  အခြားသူ၏စကားကို နားထောင်နေခြင်းအား စဥ်းစားချိန်ပင် မရလိုက်ပေ။လျပ်စီးကြွက်က ခြေလေးဖက်တွင် လျှပ်စီးများ ဖုံးလွှမ်းပြီး ဒုံးကျည်တစ်စင်းအလား ပြေးထွက်ပြီ ဖြစ်၏ ။

လျှပ်စီးကြွက်က လျှပ်စီးအလျင်ဖြင့် လျှပ်စီးအိမ်မြှောင်ထံသို့ တခနအတွင်း ရောက်သွားခဲ့ပြီး လျှပ်စီးဓားနှင့် ခုတ်လိုက်ရာ အကြေးခွံအချို့ ကွာကျသွား၏။

"ဂါးး.."

ဒဏ်ရာ အသေးစားတစ်ခုရသွားခြင်းကြောင့် လျှပ်စီးအိမ်မြှောင် ဒေါသထွက်သွားကာ အော်ဟစ်ဟိန်းဟောက်လိုက်၏ ။

"ဘာလဲဟ"
"လျှပ်စီးကြွက်!!"
ပရိတ်သတ်များမှာ ယခုတိုက်ခိုက်လိုက်သည့်သားရဲမှာ လျှပ်စီးကြွက်မှန်း သိကြသော်လည်း အဆင့်ခုနစ် လျှပ်စီးအိမ်မြှောင်အား ဒဏ်ရာရအောင် ပြုလုပ်နိုင်မည် မထင်ထား၍ အာမေဋိတ်သံများ ထွက်လာကြ၏။၎င်းတို့က လျှပ်စီးအိမ်မြှောင် နေရာမှာတွင် ရပ်နေလျှင်ပင် အဆင့်နိမ့်သားရဲဖြစ်သော လျှပ်စီးကြွက်က မတိုက်ခိုက်ရဲဟု ထင်ထားခြင်းကြောင့် ဖြစ်သည်။

ပရိတ်သတ်အားလုံးနှင့် ဖိတ်ခေါ်ထားသော ထိပ်တန်းအဖွဲ့မှ လူများ ပွဲပြီးပြီဟု သတ်မှတ်လိုက်မှ လျှပ်စီးကြွက် မှားနေကြောင်း လျှပ်စီးအိမ်မြှောင်အား စိန်ခေါ်ခြင်းဖြင့် သက်သေပြလာ၏ ။

ယီဟို ရန်သူအသစ်အား တွေ့ရလျှင် ဆုယန်းယင်းအား ကြည့်ရာ သူမလည်း အံ့ဩနေကြောင်း တွေ့ရ၍ လျှပ်စီးကြွက်အား ထိန်းနိုင်ခြင်း မရှိလျှင် လျှပ်စီးအိမ်မြှောင်အတွက် အလွန် ကြည့်ရဆိုးမည်ဖြစ်၍ စိတ်တိုင်းမကျ ဖြစ်သွား၏ ။

ယီဟို သက်ပြင်း တစ်ချက် ရှိုက်ကာ သူ၏ သတ်ချင်စိတ်အား လျှပ်စီးအိမ်မြှောင် သိအောင် ပြလိုက်ပြီး အနှောင့်အယှက် ပေးနေသော လျှပ်စီးကြွက်အား ခြေမှုန်းကာ အနိုင်ရသူ တစ်ယောက်ထဲ ရှိကြောင်း ပြရန် ဆုံးဖြတ်လိုက်၏ ။

"ဂါးးး"

သခင်ထံမှလာသော သတ်ဖြတ်လိုစိတ်နှင့် ကိုယ်ပိုင် ဒေါသနှင့် ပေါင်းသွားပြီး လျှပ်စီးအိမ်မြှောင် အားရပါးရ အော်ဟစ်လိုက်၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now