အခန်း ၁၅၄ ရောက်ရှိလာခြင်း

763 70 0
                                    

အခန်း ၁၅၄ ရောက်ရှိလာခြင်း

ဘာသာပြန်. Soul

"ဒီဆိုင် ဘယ်လောက်တောင် နာမည်ကြီးနေတာလဲ" လန်းလီလီ စကားမပြောနိုင် ဖြစ်သွားသကဲ့သို့ နုံချာသော ဆိုင်မှ အဆင့်မြင့် ဆရာတစ်ယောက်က ဘွဲ့တံဆိပ်ရ သားရဲစစ်သည် ဖြစ်မည်မှန်း မထင်ခဲ့၍ စုယန်ယင်းလည်း ပြောစရာ စကားမရှိ ဖြစ်နေလေ၏ ။

ယခင်က စုပင်းသည် နောက်ကွယ်တွင်ရှိသော ကျွမ်းကျင်သူတစ်ဦး၏ နောက်ခံကြောင့် ဆရာဖြစ်လာသည်ဟု သူမထင်ထားခဲ့သည်။ စုပင်း ကိုယ်တိုင်က စွမ်းအားကြီးနေကြောင်း တွေ့ရ၍ ဆုယန်းယင်းနှင့် လန်းလီလီ အံ့ဩမကုန်နိုင် ဖြစ်သွားခဲ့ရ၏ ။

ထိုမျှ ငယ်သည့် ဘွဲ့တံဆိပ်ရ သားရဲစစ်သည် ရှိမည်မှန်း မထင်ခဲ့ပေ။ပြိုင်ပွဲ၌ ဒုတိယ ရချိန် စုပင်းအား ဝမ်းသာအားရ သွားပြောသည့် အခိုက်တန့်အား ဆုယန်းယင်း သတိပြန်ရသွား၏။ ချန်ပီယံဖြစ်သည့်  ယီဟိုပင် စုပင်းနှင့် ယှဥ်မရကြောင်း သိလာရခြင်းကြောင့် ရင်ထဲ ဝမ်းနည်းဝမ်းသာ ဖြစ်နေလေ၏ ။

"သူ ငါတို့ကို မှတ်မိဦးမယ် ထင်လား ၊ ယင်းယင်း ။ ငါ သူနဲ့ ငြင်းခုန်ပြီး ရန်ဖြစ်ခဲ့တာ အခု ဘာလုပ်ရမလဲ ။ ဒီလို ကပ်စေးနဲက ဘွဲ့တံဆိပ်ရ သားရဲစစ်သည် ဖြစ်မယ်မှန်း ဘယ်သူ ထင်မလဲ ။ တခြားသူတွေ ကျင့်ကြံရေးမှာ အားစိုက်နေကြတာကို သူက သားရဲစတိုးဆိုင် ဖွင့်နေတာပဲ" လန်းလီလီ ရေရွတ်နေချိန် ဆုယန်းယင်းမှာလည်း စုပင်း ကျင့်ကြံသည်အား မတွေ့ဖူး၍ ထိုမျှ ပါရမီ မြင့်သည့်သူ ရှိမည်မှန်း မထင်ခဲ့ခြင်းကြောင့် အတွေးတိမ်ခဲ့သည့် သူမကိုယ်သူမ ပြုံးလိုက်မိ၏ ။

ထိုအကြောင်းများ စဥ်းစားခြင်းမှာ သူမအတွက် ထူးခြားမှု မရှိခြင်းကြောင့် ဆုယန်းယင်း သက်ပြင်းချလိုက်၏ ။

ယနေ့ သူမ လာခဲ့ရခြင်းမှာ ကျောင်းပိတ်ရက် ရောက်တော့မည် ဖြစ်၍ စူးစမ်းရေး နယ်မြေသွားရန် စာရင်း ပေးသွင်းရမည့် အချိန်ဖြစ်ကာ မသွားခင် သူမ၏ သားရဲအား လေ့ကျင့်ပေးခဲ့ရလျှင် ပို၍ ယုံကြည်မှု ရှိမည် ဖြစ်သောကြောင့် ဆုယန်းယင်း ရောက်လာခြင်း ဖြစ်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now