အခန်း ၁၀၂ ပြိုင်ပွဲနှင့် ငြင်းခုန်မှု

770 76 0
                                    

အခန်း ၁၀၂ ပြိုင်ပွဲနှင့် ငြင်းခုန်မှု
ဘာသာပြန်.Soul

စုပင်း ဆိုင်တွင်သာ အားရုံအပြည့် ထားထားခြင်းကြောင့် ထိုကိစ္စအား မေ့လျော့နေ၏ ။

ယခင် ထိုပြိုင်ပွဲအကြောင်းနှင့် ပက်သက်၍ ကမ္ဘာတစ်ဝှမ်းရှိ မြို့ပေါင်း ၂၈၆မြို့မှ အသက် ၂၈နှစ်အောက် ၊ အဆင့် ခုနစ် သားရဲစစ်သည်များ လွှတ်၍ရပြီး ၂၈နှစ် အထက်နှင့် အဆင့်ခုနစ် အထက် သားရဲစစ်သည်များ ပြိုင်ခွင့် မရကြောင်း စုပင်း ကြားဖူးထားပေသည် ။

ပြိုင်ပွဲဝင် အများစုမှာ နာမည်ကြီးကျောင်းများမှ ကျောင်းသားနှင့် ဘွဲ့ရများ ဖြစ်ကြပြီး မသိမ်းရသေးသော နယ်မြေများတွင် နှစ်အနည်းငယ် အတွေ့အကြုံ ရှိသူများ ဖြစ်ကာ ပြိုင်ပွဲဝင်နိုင်ရန် မြို့တွင်း အရည်အချင်းစစ် ပြိုင်ပွဲမှ ငါးယောက်စီ တက်ကာ မြို့နယ် တစ်စုစီအတွက် ငါးယောက် ပြန်ရွေးခြယ်၍ တိုက်ကြီး တစ်ခုစီမှ ငါးယောက်စီ ကမ္ဘာ့ ချန်ပီယံရှစ် ပြိုင်ပွဲအတွင်း ပြိင်ကာ ရွေးခြယ်မည် ဖြစ်၏ ။

ထိုပြိုင်ပွဲမှာ သုံးနှစ် တစ်ကြိမ်သာ ကျင်းပပြီး အနည်းဆုံး ကမ္ဘာလူဦးရေ၏ တစ်ဝက်လောက် တီဗွီမှ ကြည့်နေကြ၏ ။

တီဗွီချန်နယ်များနှင့် မီဒီယာများ ၂၄/၇ live လွှင့်ထားကာ အခြား ချန်နယ်များ ရပ်တန့်ပေးထားရ၏ ။

လူအများအတွက် ချမ်းသာပြီး နာမည်ကြီး မိသားစုမှ လက်ရွေးစင်နှင့် ကလေးများ နေရာကောင်း ရလေ့ ရှိခြင်းကြောင့် အရည်အချင်းစစ် ပြိုင်ပွဲတွင် မျက်နှာ ပြခွင့်ရလျှင် ကျေနပ်ကြပြီး မြို့နယ် ပြိုင်ပွဲ ကျော်နိုင်သူသည် တစ်သက်တာ ကျော်ကြားလေ့ရှိ၏ ။

ကမ္ဘာ့ ချန်ပီယံဟူသည့်ဂုဏ်ပုဒ်မှာ အခြားသော ဘီလီယံနှင့် ချီသော လူများအား အနိုင်ယူခြင်း ဖြစ်သည့်အတွက် ထိုသူ အချိန်မတန်ပဲ သေလျှင်သေ မသေလျှင် ဂန္တဝင် အဆင့် သားရဲစစ်သည်များ ဖြစ်လာကြ၏ ။

"ယီဟိုနဲ့ ဆုယန်းယင်းကို ချန်ပီယံရှစ် သွားခိုင်းချင်လို့လား ။သူတို့ ကောင်းကောင်း တိုက်ခိုက်တယ် မထင်နဲ့ ။ လုံးဝ မဖြစ်နိုင်ဘူး" စုပင်း ပြတ်သားစွာ ငြင်းလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now