အခန်း ၁၀၆ ဆိုင်နာမည် ရလာခြင်း

770 76 1
                                    

အခန်း ၁၀၆ ဆိုင်နာမည် ရလာခြင်း

ဘာသာပြန်.Soul

အတုများကျေးဇူးဖြင့် စုပင်း ဆိုင်ထဲတွင် အေးအေးလူလူနေနိုင်သွား၏။ထိုတင်မကပဲ  လေ့ကျင့်ရေးအတွင်း ကိုယ်ပွား၏လှုပ်ရှားမှုကို စောင့်ကြည့်နိုင်ခြင်းရှိသဖြင့်  ကိုယ်ပွား ကြုံနေသမျှအရာ အားလုံး စုပင်း ဆိုင်ထဲမှနေရင်း သိနေ၏ ။

ညဆယ်နာရီခန့်တွင် ကိုယ်ပွားကျေးဇူးနှင့် သားရဲအားလုံး လေ့ကျင့်ရေး ပြီးစီးသွားပြီဖြစ်ပြီး နောက်နေ့တွင် ပိုင်ရှင်ထံ ပြန်ပေးရန်သာ ရှိတော့၏။နောက်ထပ် ဝယ်သူ မလာနိုင်၍ စုပင်း ဆိုင်ပိတ်ပြီး အိမ်ပြန်လိုက်သည် ။

အိမ်ရောက်လျှင် သူ့မိခင်နှင့် ညီမ ပျော်ရွှင်စွာ စကားပြောပြီး တစ်ချက်တစ်ချက် ရယ်သံသဲ့သဲ့ တံခါးနားမှ စုပင်း ကြားလိုက်ရ၏။ထိုစဥ် လီချင်းယုက သူ့ကို မြင်ပြီး

"သား နောက်ကျလှပါလား ။ဘာဖြစ်လို့လဲ"ဟု အရယ်ရှိန် မသတ်နိုင်သော မျက်နှာနှင့် မေးလာ၏ ။

"အင်း ဆိုင်မှာ နည်းနည်း အလုပ်ရှုပ်နေလို့" စုပင်း ဖိနပ်လဲရင်း ပြောလိုက်၏။ စုလင်းယွဲ့မှာမှု သူမ၏ နှင်းလုံးအား ပွတ်ပေးနေကာ တီဗွီ ကြည့်နေရင်းမှ စိတ်အလိုမကျသဖြင့် နှခမ်းတွန့်ကွေးသွားသည်။

စုလင်းယွဲ့ကို ဂရုစိုက်မနေပဲ စုပင်း အင်္ကျီလဲကာ လီချင်းယုထံ ဖုန်းမှ ငွေလွဲပြီး "အမေ့ ၊ ဖုန်းထဲ ကြည့်လိုက်" ပြောလိုက်၏ ။

"ဘာ...ငါးသောင်းတောင်ပါလား ။သား ဘယ်ကနေ ရလာတာလဲ" လီချင်းယုလည်း အကောင့်ထဲ ငွေဝင်သံ ကြားရ၍ ကြည့်ပြီး အံ့ဩစွာ ပြောချိန် စုလင်းယွဲ့မှာ လှည့်မကြည့်သော်လည်း ခိုးပြီး နားစွင့်နေ၏ ။

"ဒါ အရင်လက အမြတ်ပဲ ။ နောက်ထပ် ရှိသေးတယ် ။ အော်ဒါတွေ နောက်ကျနေလို့" စုပင်း သူ့အကောင့်ထဲ ငွေအနည်းငယ် သူ့အတွက် ချန်ပြီး ပေးလိုက်ခြင်း ဖြစ်၏ ။

"ဆိုင်က ရတာ ဟုတ်လား"ဆိုင်အား စုပင်း လွှဲယူပြီးချိန်မှ စကာ ဝင်ငွေ ကျဆင်းလာခြင်းပြီး ယခင် ဝယ်သူ အဟောင်းများပင် စုပင် ဆက်ဆံရေးကြောင့် မလာတော့၍ ဆိုင်အား ပိတ်ရမည်ဟု လီချင်းယု ထင်ထားသော်လည်း ယခုကဲ့သို့ အလွန် များသောငွေ စုပင်းထံမှ ရလာခြင်းအတွက် အံ့ဩသွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now