အပိုင်း ၁၈၅ ထွက်ခွာခြင်း

694 65 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အပိုင်း ၁၈၅

ထွက်ခွာခြင်း

ဘာသာပြန်.Soul

ယီချန်းရှန်နှင့် လောင်ကူးရွှယ် အပြင်ထွက်သွားသည်နှင့် စုပင်း ငရဲမီးနဂါးအား ဆင့်ခေါ်၍ အလောင်းနှင့် အရိုးပုံအား မီးရှို့ပြာချခိုင်းလိုက်၏ ။

မီးရှို့ပြီးသည်နှင့် ကြယ်တာရာ ဝိညာဥ် သစ်သီးပင်အား ပစ္စည်းထားရာ နေရာထဲ ထည့်၍ အပြင် မထွက်ခင် ငရဲမီးနဂါးကို လှိုဏ်ဂူ တစ်ခုလုံးအား ဖျက်စီးရန် ပြောခဲ့လိုက်၏ ။

လှိုဏ်ဂူ အပြင်မှ စုပင်းအား စောင့်နေသည့် ယီချန်းရှန်နှင့် လောင်ကူးရွှယ်တို့သည်  ငရဲမီးနဂါးနှင့် နဂါးနက်ခွေး ဖျက်စီးနေခြင်းကို တွေ့ရပြီး တစ်နေရာလုံးအား ကျွမ်းထိုးမှောက်ခုံ လုပ်ကာ ကျန်နေသည့် သက်သေများ ဖျက်စီးနေကြောင်း သိနေ၏ ။

"အပင်ကော အထဲမှာ ရှိသေးလား ၊ ဖျက်စီးခဲ့လား ညီအကိုစု"

စုပင်း ဘာမျှ ကိုင်လာသည်ကို မတွေ့ရပဲ လက်ဗလာနှင့် တွေ့ရလျှင် ယီချန်းရှန် စိတ်ဝင်စားစွာ မေးလိုက်၏ ။

"အဲ့အပင်က ကြယ်တာရာ ဝိညဥ် သစ်သီးပင်ပဲ"

အားလုံး အပင်အား တွေ့ခဲ့ပြီး ဖြစ်ခြင်းကြောင့် စခန်းပြန်ရောက်လျှင် ရှာနိုင်၍ အကြောင်းအရာအား ကြိုတင် ပြောထားရမည် ဟူသည့် အတွေ့နှင့် စုပင်း ပြောပြလိုက်၏ ။

"အဆင့်သေးတစ်ခု တစ်ခါထဲ တက်သွားနိုင်တယ် ဆိုတဲ့ ကြယ်တာရာ ဝိညဥ် သစ်သီးလား" ယီချန်းရှန်နှင့် လောင်ကူးရွှယ်  အံ့ဩသွားကြပြီး လောင်ကူးရွှယ်က အရင် မေးလာလျှင် စုပင်း ခေါင်းညိတ်ပြလိုက်၏ ။

ထိုအခါမှ ယီချန်းရှန်လည်း အံ့ဩကာ ထိုသစ်ပင်နှင့်သာ ဆန်းကြယ်နယ်မြေ အပြင်ထွက်သွားလျှင် လောဘသားများ၏ ပစ်မှတ် ဖြစ်လာပြီး ရတနာ မဟုတ်ဘဲ ကျိန်စာတစ်ခု ဖြစ်လာမည့်အကြောင်း သိရ၍ အဘယ်ကြောင့် စုပင်း ထိုအပင်အား ဖျက်စီးခဲ့သည့် အကြောင်းအရင်း နားလည်သွား၏ ။

ထိုမျှ တန်ဖိုးကြီးသည့် အပင်အား ဖျက်စီးသည်ကို နှမြောမိသော်လည်း ကိုယ့်အသက်ကိုယ် ကာကွယ်လိုလျှင် ဖျက်စီးရန် လိုအပ်ကြောင်း ယီချန်းရှန်အပြင် လောင်ကူးရွှယ်လည်း နားလည်နေ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now