အခန်း ၁၁၂ လက်ချာချိန် ပြီးဆုံးခြင်း

785 81 0
                                    

အခန်း ၁၁၂ လက်ချာချိန် ပြီးဆုံးခြင်း

ဘာသာပြန်.Soul

ငရဲမီးနဂါး ထွက်ပေါ်လာခဲ့ကာ မီးလေပွေအသေးလေးတစ်ခု စုပင်းရှေ့ ပေါ်လာ၏ ။

ငရဲမီးနဂါးမှာ စောင့်ရှောက်ရေးခြံထဲ ရက်အနည်းငယ် နေခဲ့ရခြင်းကြောင့် အသက်အရွယ်အရ ကလေးအရွယ်သာ ရှိသေးသော်လည်း မွေးခါစကထက် အကောင်ပိုထွားလာပြိီဖြစ်ပြီး အကြေးခွံများလည်း ပိုမာလာ၍ သာမာန် ဓားနှင့် ထိခိုက်အောင် မလုပ်နိုင်တော့ချေ ။

ငရဲမီးနဂါးအား အားလုံး အလွန် ရှားပါးသော သားရဲဖြစ်ကြောင်း မှတ်မိနေ၍ နောက်တစ်ကြိမ် တိတ်ဆိတ်သွား၏ ။

နဂါးမျိုးနွယ်သားရဲများမှ အကောင်းဆုံး တစ်မျိုး ဖြစ်သည့် ငရဲမီးနဂါးမှာ အရွယ်ရောက်လျှင်  ငွေရောင်အတောင် နဂါးထက် ဆယ်ဆ ပိုကြောက်စရာ ကောင်းပြီး ကံကောင်းလျှင် ငွေရောင်အတောင်နဂါးမှာ တွေ့လျှင် ငွေကြေး ချမ်းသာပါက ဝယ်နိုင်သော်လည်း ငရဲမီးနဂါးမှာ ငွေနှင့် ဝယ်မရပဲ လုံကျန်းမြို့ တစ်မြို့လုံးတွင်ပင် နောက်တစ်ကောင် တွေ့ရန် မဖြစ်နိုင်ချေ ။

စုပင်း၏ ငရဲမီးနဂါးမှာ ကလေးသာ ရှိသေး၍ လေ့ကျင့်ပေးပြီးလျှင် အဆင့်ကိုးသားရဲများ၏ ဘုရင် ဖြစ်လာနိုင်၍ တန်ဖိုး ဖြတ်မရသော ရတနာတစ်ပါးသာ ဖြစ်၏ ။

ကျောင်းသားများထက် စင်အနီးရှိ အရွယ်ရောက်ပြီးသူများ ငရဲမီးနဂါး​ကြောင့် စုပင်းအတွက် ဘွဲ့နှင့် သားရဲစစ်သည်နေရာ ကြိုတင် စာရင်းသွင်းထားသကဲ့သို့ သတ်မှတ်နိုင်၍ ပိုပြီး အံ့ဩကုန်၏ ။

စုလင်းယွဲ့မှာလည်း ထိုသို့ အဖိုးမဖြတ်နိုင်သော သားရဲ သုပင်း ပိုင်ဆိုင်ထားရခြင်း အကြောင်းအရင်းအား တွေးမရနိုင် ဖြစ်နေလေ၏ ။

စုပင်း လက်ချာချိန် အားရုံ ထပ်ကာ မပျက်စေလို၍ ငရဲမီးနဂါးအား ပြန်ခေါ်ကာ တာဝန်ရှိသည့်အတိုင်း ကျောင်းသားများအား သင်ကြားရန် ပြင်စဥ် ကျောင်းသားများမှာ အလွန် ရှားပါးသားရဲ ဖြစ်၍ တီဗွီနှင့် ဗွီဒီယိုများတွင်သာ မြင်ခဲ့ရခြင်းကြောင့် စိတ်ပျက်သွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now