အခန်း ၄၀ နေ့စဥ်ဘဝ

818 106 0
                                    

အခန်း ၄၀ နေ့စဥ်ဘဝ

ဘာသာပြန်.Soul

စုလင်းယွဲ့ထံသို့ သွားနေသော ကြယ်တာရာ စွမ်းအင် အမျှင်များအား ကြည့်ကာ စုပင်း သူများ၏ ကျင့်ကြံနှုန်းအား မြန်ဆန်စေနိုင်ကာ သူ၏ စမ်းသပ်ချက် အောင်မြင်၍ ဝမ်းသာသွား၏ ။

"အကျိုးသက်ရောက်မှုက ထင်တဲ့အတိုင်းပဲ ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုတောင် လိုတာ မဖြည့်စည်းနိုင်သေးတာ သူများအတွက် ကူညီနိုင်တာက အသုံးမဝင်ဘူး" စုပင်း ေခါင်းရမ်းကာ ရင်ဘတ်ပေါ်ရှိ လေပွေအား ရပ်တန့်လိုက်၏ ။

ထိုအချိန် စုလင်းယွဲ့မှာ မတ်တပ်ရပ်ကာ အခြေအနေ အကဲခတ်ကြည့်ရန် ပြင်လိုက်စဥ် စွမ်းအင်များ ထူထပ်နေရာမှ ပုံမှန် ပြန်ဖြစ်သွားရန် မမျှော်လင့်ထားပေ ။

"တအား အစွမ်းထက်တဲ့ သူတွေအနားမှာ စွမ်းအင်တွေက ထူထပ်တယ်လို့ ဆရာကပြောတယ် ။ အဲ့လိုလူ ဖြတ်သွားတာလား" ကာတွန်း ဝက်ဝံရုပ်နှင့် လိုက်ကာအား မကာ အပြင်သို့ စုလင်းယွဲ့ လှမ်းကြည့်လိုက်၏ ။

သူတို့အိမ်မှာ လမ်းဘေးတွင် ရှိကာ လမ်းတစ်လျှောက်တွင် လူတစ်ယောက်မှ မရှိကြောင်း စုလင်းယွဲ့ တွေ့လိုက်ရ၏ ။

"သွားလိုက်ပြီ နေမှာ" စုလင်းယွဲ့ စိတ်ပျက်သွား၏ ။

စုလင်းယွဲ့စိတ်ထဲ ထိုသို့ စွမ်းအင်များ ထူထပ်အောင် ပြုလုပ်နိုင်သူမှာ အကောင်းဆုံး သားရဲစစ်သည် ဖြစ်ကာ အခြားသူများ၏ လေးစား အားကျရသူ ဖြစ်ပြီး မတွေ့လိုက်ရသည်မှာ သူမအတွက် စိတ်မကောင်းစရာ ဖြစ်သည်ဟု တွေးလိုက်၏ ။

"တစ်ရက်တော့ ငါလဲ အကောင်းဆုံး သားရဲစစ်သည်ထဲက တစ်ယောက် ဖြစ်ရမယ်" စုလင်းယွဲ့ ခေါင်းမော့ကာ သူမကိုယ်သူမ ဂတိပေးလိုက်ပြီး လိုက်ကာအား ပြန်ဆွဲချကာ ခုတင်ပေါ် ခုန်တက်၍ စာအုပ် ပြန်ဖတ်နေလိုက်သည် ။

"လေပွေကို တခါတည်း လှည့်ကြည့်ရအောင်" စုပင်းမှာ ကျင့်ကြံမှုအတွက် အမျိုးမျိုး စမ်းသပ်နေကာ စိတ်ဝင်စားစွာနှင့် ကျေနပ်နေ၏ ။

အတိုင်းအတာ တစ်ခု အကြာတွင် စုလင်းယွဲ့အခန်းမှ စွမ်းအင်များ ညိမ်သက်သွားကြောင်း တွေ့လိုက်ရ၍ သူမ အိပ်လောက်ပြီဟု စုပင်း တွက်လိုက်မိ၍ အချိန်အား ကြည့်လိုက်ရာ ၂ နာရီ ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now