အခန်း ၁၃၄ ရက်စက်မှု

740 63 0
                                    

အခန်း ၁၃၄ ရက်စက်မှု

ဘာသာပြန် Soul

"မင်းစကားပြောနေတာ ဘယ်သူတွေလဲဆိုတာကော သိလား $ကလေး"

ဆံပင်အတိုနှင့် တစ်ယောက်က ပြောလိုက်သည်။

"ဘာလို့ လေကုန်ခံနေအုံးမှာလဲ။ဒီငချွတ်လေးကိုမှ မနိုင်ရင် ငါ့နာမည် ဝမ်းမူကျူးကို ပြောင်းပြန် ပြန်ရေးပြမယ်" နောက်တစ်ယောက်မှ ပြောလာ၏ ။

ထိုစဥ် ကိုယ်လုံးကိုယ်ပေါက် ကြံခိုင်တောင်တင့်သော လူတစ်ဦးမှ ဝင်ပြောလိုက်သည်။ ထိုသူ၏မျက်လုံးများက စုပင်းအား အေးစက်စွာဖြင့် ကြည့်နေ၏။ထို့အပြင် အခြားသူများကို အာရုံမထားပဲ  အခြေခံစွမ်းရည်ကို နိုးဆွလိုက်ပြီး ကိုယ်ပေါ်သို့ ကြယ်တာရာ စွမ်းအင်များဖြင့် ဖုံးလွှမ်းလိုက်သည်။

ထို အခြေခံ စွမ်းရည်၏ အဆင့်နှင့်ပင် ကျောင်း၏ ထိပ်တန်း ကျောင်းသား ဖြစ်လာနိုင်ပြီး ဝက်ဝံဟု ခေါ်သော် ထိုသူအား ကြည့်ပြီး အခြားသူများ အရယ်ရပ်ကာ နေရာ ချဲ့ပေးလိုက်၏ ။

စုပင်း အားလုံးအား ပေါင်းကာ တိုက်ခိုက်ခိုင်းသော်လည်း သူတို့ အထင်တွင် စုပင်းမှာ နာမည် မရှိသူ ဖြစ်၍ သူတို့ကျောင်း၏ ဂုဏ်သိက္ခာ ရေစုန်မျောမည် စိုးခြင်းကြောင့် ဖြစ်၏ ။

"ကောင်းကောင်းကြီး သင်ခန်းစာ ပေးလိုက်" တိုင်ယန် နောက်ဆုတ်ကာ ဒေါသနှင့် ပြောပြီး အခြားသူများလည်း ခုနစ် ရှစ်မီတာခန့် နောက်ဆုတ်ပေးပြီး စုပင်း တောင်းပန်လာမည့်အချိန်ကိုသာ အေးအေးဆေးဆေး စောင့်ဆိုင်းနေကြ၏ ။

စုပင်းမှာမှု တစ်ဖက်လူများ နောက်ဆုတ်လိုက်၍ သူ၏ အချိန်ကို ဖြုန်းနေသည်ဟုတွေးပြီး စိတ်ပျက်လက်ပျက်ဖြစ်သွား၏ ။

"လာစမ်းပါ" ​ဝက်ဝံ ရပ်နေသော စုပင်းအား ကြည့်ပြီး ပြောလာ၏ ။

ဖီးနစ်တောင်ထွတ် သင်တန်းကျောင်းတွင် ယီဟို တစ်ယောက်သာ ပြိုင်ဖက် ဖြစ်နိုင်သည် မှတ်သားထား၍ အကယ်၍ စုပင်း မဟုတ်ပဲ ယီဟိုသာဆိုလျှင် ဝက်ဝံ ထိုမျှ မာန်တက်ရဲမည် မဟုတ်သော်လည်း စုပင်းအား တစ်ခါမျှ မမြင်ဖူးခြင်းအတွက် အကြောပင် ပေးလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now