အခန်း ၈၉ ဖိတ်ခေါ်ခြင်းများ

758 97 0
                                    

အခန်း ၈၉ ဖိတ်ခေါ်ခြင်းများ
ဘာသာပြန်.Soul

ဖီးနစ်တောင်ထွတ် သင်တန်းကျောင်းသည် လူအများ တက်ရောက်ချင်သော နာမည်ကြီးကျောင်းတစ်ခုဖြစ်သည်။ထိုအတွက်ကြောင့် ယခုလို ဒေါင်မင်းဆောင်းမှ  အဆမတန် အခွင့်အရေး ပေးပြီး ဖိတ်ခေါ်ခြင်းကို  စုပင်း ငြင်းလိုက်၍ ဒေါင်မင်းဆောင်းတင်မကပဲ  ဆုယန်းယင်းပါ ပါးစပ် မစေ့နိုင် အံ့ဩသွား၏ ။

"သေ...သေချာ စဥ်းစားပါ" ဒေါင်မင်းဆောင်း ကြိုးစားကြည့်သော်လည်း စုပင်းမှာ လျိုကုဆူး၏ ဖိတ်ခေါ်ခြင်းအား စဥ်းစားနေပြီး အတိအကျ မပြောနိုင်သေးရုံမှအပ ကျောင်းသားဖြစ်ရန်တော့ ဆန္ဒ မရှိပေ ။

ကျောင်းသားများမှ အတော်ဆုံးဖြစ်သော ယီဟိုပင် ထိုအခွင့်အရေး မရပဲ ကျောင်း၏ စည်းကမ်း ဖောက်ပြီး စုပင်းအား ခေါ်ယူခြင်း ဖြစ်၍ သူကိုယ်တိုင် စိုက်ထုတ်ကာ ပေးရမည် ဖြစ်သော်လည်း စုပင်း ငြင်းလိုက်၍ ဒေါင်မင်းဆောင်း မျက်နှာ ရှုံ့မဲ့သွား၏ ။

"ကောင်းပြီ ၊ မစ္စတာ ဒုကျောင်းအုပ်။ ဒီလို တော်တဲ့သူမှာ သင်ပေးတဲ့ ဆရာလဲ ရှိပြီးသား ဖြစ်မှာ ။ အခုတောင် ဘွဲ့ရတစ်ယောက်ထက် သာနေတာ ဘာလို့ ကျောင်းတက်ဖို့ လိုဦးမှာလဲ" ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် လူမှ ပြောလိုက်ရာ ဒေါင်မင်းဆောင်း ပြောစရာ မရှိတော့ပဲ ဘေးကပ်နေလိုက်၏ ။

"နာမည် ဘယ်လိုခေါ်လဲ ၊ သူငယ်ချင်း" ထိုသူ မေးလိုက်ရာ "ဘာလို့ ကိုယ့်နာမည်ကိုယ် အရင်မပြောတာလဲ" စုပင်း မေးခွန်းကို မေးခွန်းနှင့် ပြန်ဖြေလိုက်၏ ။

"ဟား ဟား ၊ ရယ်ရတာပဲ ။ နာမည်က ဖန်းပိုင်လီ ၊ အကောင်တွေရဲ့ အစွယ်ဖြစ်တဲ့ ဖန်း(Fang) ပဲ" ပြောလိုက်၍ "စုပင်းပါ ။ ဘဝမှာ ငြိမ်းချမ်းမှု သိပ်မရှိပေမဲ့" စုပင်း ဖြေလိုက်ခြင်းအား ထိုလူ ကျယ်လောင်စွာ ရယ်ရင်း "မင်းကိုတော့ ငါသဘောကျသွားပြီဟေ့"ဟု ပြောလာ၏ ။

"စိတ်မကောင်းပါဘူး။ကျွန်တော်က  ယောက်ျားတွေ စိတ်မဝင်စားဘူး" စုပင်း ပြောလိုက်၍ ထိုလူ နင်သွားပြီး အခြားသူများလည်း ထိုလူကိုကြည့်ကာ ဝါးလုံးကွဲချရယ်မောလိုက်ကြ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now