အခန်း ၇၀ သင်တန်းကျောင်းအတွက် ဖိတ်ကြားခြင်း

773 106 0
                                    

အခန်း ၇၀ သင်တန်းကျောင်းအတွက် ဖိတ်ကြားခြင်း

ဘာသာပြန်.Soul

အခြေစိုက် စခန်းမှ ဒုံးကျည် ၊ လေဆာအမြှောက်များ ​မှော်အလောင်း သားရဲအား ချိန်ရွယ်နေကြ၏။ အစောင့်များမှ သားရဲပေါ်ရှိ ရင်းနှီးသော မျက်နှာများ တွေ့မှ ချိန်ထားသည်အား အောက်ချခိုင်းပြီး စိတ်ထိန်းချုပ်သော သားရဲများ၏ စပိုင်များ မဖြစ်စေရန် စူးစမ်းသူ တံဆိပ်များ စစ်ဆေးလိုက်သည်။ ယခင်က သားရဲဘုရင် သို့မဟုတ် ကပ်ပါးသားရဲများ စိမ့်ဝင်ခဲ့ခြင်း ရှိခဒဲ့ဖူးကာ အခြေစိုက်စခန်းသည် မြို့များအတွက် အကာအကွယ် ဖြစ်ခြင်းကြောင့် သေချာ စီစစ်ရခြင်း ဖြစ်သည် ။

စစ်ဆေးပြီး ပုံမှန်အတိုင်း သေချာလျှင် ထိုသို့ ခွန်အားကြီး သားရဲ ပိုင်ရှင် အခြေချသူများ သိပ်မရှိသဖြင့် အစောင့်များ စုပင်း နာမည်အား မမေ့စေရန် မှတ်ထားလိုက်၏ ။

"တောင်းပန်ပါတယ် ။ ဒါပေမဲ့ သားရဲကို သားရဲနေရာ ပြန်ထည့်ထားပေးပါ ။ သားရဲ အကြီးတွေ စခန်းထဲ ခေါ်ခွင့် မရှိလို့ပါ" အစောင့်တစ်ယောက်မှ ယီချန်းရှန်အား ​မှော်အလောင်း သားရဲ ပိုင်ရှင်ထင်ကာ ယဥ်ကျေးစွာ ပြောလိုက်၏ ။

"အဟမ်း...မစ္စတာစု ၊ သူပြောသလိုပဲ မစ္စတာစုရဲ့ ရုပ်သေး သားရဲကို အပြင်မှာ ထားခဲ့မှ ရမယ် ထင်တယ်" ယီချန်းရှန် ချောင်းဟန့်ကာ ပြောလိုက်လျှင် မူလ လူချမ်းသာ သားမီးသာ ထင်ထားခဲ့သော စုပင်းအား အစောင့်များ အံ့ဩစိတ်နှင့် လှမ်းကြည့်လိုက်၏ ။

"မလိုပါဘူး ။ ဒါကို အကျိုးအမြတ်အမှတ် ပြောင်းဖို့ စဥ်းစားနေတာ" ​မှော်အလောင်း သားရဲမှာ အရိုးခြောက်ကလေး၏ ရုပ်သေးသားရဲ ဖြစ်ကာ သားရဲနေရာသို့ ထည့်၍ မရခြင်းကြောင့် ရှင်းထုတ်ရန် စဥ်းစားပြီး စုပင်း ပြောလိုက်၏ ။

ထို့အပြင် သူ့တွင် အရိုးခြောက်ကလေး ရှိထားပြီး ဖြစ်ကာ အာကာသ အက်ကြောင်း နယ်မြေများ သွားရန် အစီအစဥ် မရှိခြင်းကြောင့် နောက်တစ်ခါ လာရလျှင် နောက်ထပ် သေဆုံးပြီး သားရဲ ရှာနိုင်၍ စုပင်းအတွက် မလိုအပ်ပေ ။

သို့သော် အခြားသူများ ထိုသိူ့ စီစရာ သားရဲမျိုးအား အစိုးရ လက်ထဲ အပ်ရန် သဘော မတူနိုင်ကာ ဖန်ကန်းလီပင် စုပင်းအား နားချကြည့်သေးသည် ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now