အခန်း ၁၃၀ နေရာလွတ်မရှိတော့ပါ

758 76 0
                                    

အခန်း ၁၃၀ နေရာလွတ်မရှိတော့ပါ

ဘာသာပြန်.Soul

ယမန်နေ့က ဆိုင်ကိုလာသောကျောင်းသားအများအပြား တောင်ပံသားရဲ၏ တိုက်ခိုက်မှုကို မြင်ခဲ့ကြ၏။ထိုသားရဲကို စုပင်းက အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ယခုမှာမှု ထိုသားရဲပင် တစ်ရက်တည်းနှင့် လေ့ကျင့်ပြီးဆုံးသွားပြီဖြစ်၍ သူတို့သားရဲများလည်း လေ့ကျင့်ပြီး ဖြစ်ကြောင်း စိတ်ချသွားကြ၏ ။

အချို့သောစောင့်ဆိုင်းနေသူများမှာ  စိုးရိမ်ပူပန်နေဆဲဖြစ်သော်လည်း  တိတ်ဆိတ်နေကြ၏။စုပင်းလည်း တစ်ယောက်ချင်းစီ အမည်ခေါ်ကာ ဆိုင်ရာသားရဲအသီးသီးကို ပိုင်ရှင်ထံသို့ ပြန်အပ်လိုက်၏။သိပ်မကြာလိုက်ပဲ ဆိုင်အတွင်း လူတဖြည်းဖြည်း နည်းသွား၏ ။

သံသယများကိုယ်စီဖြင့် လာသူများမှာ သူတို့သားရဲ၏ တိုးတက်လာပုံကို ကြည့်ပြီး စိတ်ချသွားကြ၏။ထိုနောက် လေ့ကျင့်ရန် စောင့်နေသူများနောက်တွင် သွားရပ်နေကြလိုက်သည်။ထိုအရာကို ကြည့်ပြီး စုလင်းယွဲ့ပင် ကြောင်အသွား၏။

သားရဲပြန်လာယူသူများမှ အများစုကို  စုလင်းယွဲ့ မှတ်မိနေ၏။ထို့ကြောင့်  တစ်ရက်တည်းနှင့် ထိုသူများ၏ သားရဲများ လေ့ကျင့်ပြီးစီးသွားကြောင်း သူမသိလိုက်သည်။

ထို့အပြင် ယခင်နေ့က ဘာမှယူသွားခြင်းမရှိပဲ စုပင်း ဆိုင်ပိတ်ကာ အပြင်ထွက်သွားပြီး အိမ်ပြန်လာခဲ့ကြောင်း သိထား၍ နေ့ခင်းတွင် ဆိုင်တွင်ထိုင်ပြီး ဝယ်သူများအား ရှင်းပြသည်ကလွဲ၍ ညတွင်လည်း အခြားဘာမျှမလုပ်ခြင်းကြောင့် စုလင်းယွဲ့ စဥ်းစားမရ ဖြစ်နေ၏။သို့သော်လည်း မေးရန် အချိန်ကောင်း မဟုတ်မှန်း သိနေ၍ သူမမေးခွန်းများကို ပြန်မျိုချလိုက်၏ ။

ထိုအခိုက် စုပင်းမှာ ဝယ်သူ အမြဲမှန်၏ ဟူသော စကားကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ကာ ခပ်မှန်မှန် ခပ်တန်းတန်းဖြင့် စကားပြောပြီး အော်ဒါများ ရေးမှတ်နေ၏ ။

စုလင်းယွဲ့ ကြည့်ပြီး သူမကိုယ်တိုင်မှာ စီပွားရေး ပညာရှင် မဟုတ်သော်လည်း ဝယ်သူအား အပြုံးနှင့် ဆက်ဆံရမည်ဟူသော အခြေခံအချက်အား သိနေခြင်းကြောင့် စုပင်းအား ကြည့်ပြီး သွားကာ ပြောပစ်ချင်သော်လည်း သူမ၏ ဆင်ခြင်တုံတရားက  တားဆီးနေ၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now