အခန်း ၁၆၂ နောက်ဆုံး ပြင်ဆင်ခြင်း

Start from the beginning
                                    

သားရဲခွဲခြားခြင်း စွမ်းရည်အား သုံးကြည့်လျှင် မီးသရဲသားရဲ၏ မူလ တိုက်ခိုက်နိုင်စွမ်း ၄.၉ မှ ယခု ၆.၅ ရှိနေပြီ ဖြစ်၍ အမျိုးအစား C နယ်မြေသို့ သွားမည့် စုလင်းယွဲ့ အတွက် ကောင်းစွာ ကာကွယ်နိုင်ပြီ ဖြစ်ကြောင်း စုပင်း သိလိုက်ရ၏။

ယာယီ ဆက်သွယ်ခြင်း တံဆိပ် ဖျက်လိုက်လျှင် မီးသရဲသားရဲမှာ စုပင်းကို အရင် ကြည့်လိုက်ပြီး ကြမ်းပေါ် ခေါင်းချ၍ စိတ်ဓာတ်ကျနေသည့် ကလေးတစ်ယောက်အလား နေနေ၏။

မီးထဲ ခုန်ချခိုင်းခြင်း ၊ အခြားသော ခွန်အား အလွန်ကြီးသည့် သားရဲများအား တိုက်ခိုက်ခိုင်းခြင်း စသည့် လူမဆန်သည့် အရာများကို စုပင်းက သူ့အား လုပ်ခိုင်းချိန်တွင် မီးသရဲသားရဲ ငြင်းဆန်ရန် ကြိုးစားခဲ့သည်။ ကြိုးစားတိုင်း စုပင်း၏ သတ်သေရန်ထက် ဆိုးသည့် နှိပ်စက်ခြင်းမျိုး ခံရလေသည်။ လွတ်လပ်မှု ပြန်ရလျှင်ပင် မပျော်နိုင်ဘဲ တိတ်ဆိတ်စွာ ရှင်သန်ခြင်း၏ ချိုမြိန်မှုအ​ကြောင်း တွေးနေကာ စုပင်း ရှိနေသ၍ ပျော်ရွှင်ခြင်း ရှိမည်မဟုတ်ဟု တွေးနေ၏။

စုပင်း ပြတင်းပေါက်မှ အပြင်သို့ ကြည့်ရာ ဆိုင်ဖွင့်မည့်အချိန်သို့ နီးလာကြောင်း တွေ့လိုက်ရသည်။  နောက်ထပ် လေ့ကျင့်ရန် သားရဲအသစ်များ လက်ခံရန် စိတ်ကူး မရှိသော်လည်း လေ့ကျင့်ပြီး သားရဲများအား ပြန်ပေးရန် လိုအပ်ခြင်းကြောင့် ဖြစ်သည်။

ဆိုင်၏ အခြေအနေ ကောင်းနေပြီ ဖြစ်၍ တစ်ရက်နှစ်ရက်နှင့် ဘာမျှ ထူးခြားမသွားနိုင်ခြင်းကြောင့် ဖြစ်သည်။

မီးသရဲသားရဲအား စောင့်ရှောက်ရေးခြံထဲ ထည့်ပြီးလျှင် စုပင်း စနစ်၏ ဆိုင်အား ဖွင့်ကာ ကြည့်လိုက်သည်။ နေ့စဥ် ပြောင်းလဲပြီး ဖြစ်၍ ပစ္စည်း အသစ် ငါးမျိုးတွင် ဒုတိယအဆင့် ဆိုင်၏ ပုံမှန် တွေ့နေကျ ဖြစ်သည့် အလယ်အလတ် သားရဲဖမ်း လက်စွပ် တစ်ခုအား စုပင်း တွေ့လိုက်ရလေ၏။

ယခု စုပင်းထံတွင်  စွမ်းအင်အမှတ် လေးသိန်းကျော် ရှိနေပြီ ဖြစ်၍ ဝိညာဥ်ရေကန်အား အဆင့်မြှင့်ရန် လုံလောက်နေပြီ ဖြစ်ခြင်းကြောင့် ရှည်ရှည်ဝေးဝေး တွေးမနေဘဲ ဝယ်လိုက်သည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now