အခန်း ၁၅၃ နာမည်ကျော်

Start from the beginning
                                    

စုပင်းလည်း စိတ်မရှည်သည့်အဆုံး "ဟမ့် အချိန် ဖြုန်းနေတာလား။စျေးတင်ပေးလိုက်မယ်။ ဒါကို လိုချင်တာလား" ရှုတည်တည်နှင့် ပြောလိုက်တော့သည်။။

ထိုအခါမှ အားလုံး ငြိမ်ကျသွား၏။ ကောင်တာရှေ့ တန်းစီလာလျှင် စုပင်း ငွေ၏ အရေးပါပုံကိုတွေးကာ ဟက်ခနဲ တစ်ချက် ရယ်ကာ စာအုပ်ဖွင့်ပြီး စမှတ်လိုက်တော့သည် ။

"အမ်...ဒါနဲ့ ဆရာ ကျွန်တော်က အမြဲလာနေကျသူလေ။အခုလိုမျိုး အကြိမ်တိုင်း မှတ်နေစရာ လိုသေးလို့လား" ကျန်းပေါင်းစင်း နားမလည်စွာ မေးလိုက်၏။

"ပိုက်ဆံပေးတာ မလွတ်ချင်လို့လေ ။ ရှင်းပြီလား" စုပင်း ပြန်​ဖြေလိုက်သည်။ ကျန်းပေါင်းစင်းလည်း အီးခနဲအသံဖြင့် အိုးတို့အန်းတန်း ဖြစ်သွားပြီး ဖုန်းနှင့် ငွေချေလိုက်၏ ။

လေ့ကျင့်ခြင်း၏ အရည်အသွေး မကျသ၍ အဆင်ပြေသော်လည်း အကြိမ်များစွာ လာခဲ့ခြင်းကြောင့် ကျန်းပေါင်းစင်း အိပ်ကပ် ပြောင်နေပြီဖြစ်၍ ယနေ့တစ်ခေါက်မှာ သူ့အတွက် နောက်ဆုံးအကြိမ် ဖြစ်သည်။စူးစမ်းရေး နယ်မြေများတွင် ငွေရှာရ လွယ်သည်ဟု ပြောလေ့ ရှိခြင်းကြောင့် သွားရောက် စမ်းသပ်ကြည့်ရန် သူဆုံးဖြတ်ထား၏။

မှုလက ကျန်းပေါင်းစင်းမှာ သာမန် ကျောင်းသားတစ်ယောက်သာ ဖြစ်သည်။ စုပင်း၏ လေ့ကျင့်ပေးမှုအား ရပြီးသည့်နောက် အလွန်ပင်တိုးတက်လာခဲ့ကာ တစ်ကျောင်းလုံး၏ အဆင့် နှစ်ဆယ်အတွင်းသို့ပင် ရောက်လာခဲ့၏။ သူ့တွင် အဓိကသားရဲအဖြစ် မီးခွေး တစ်ကောင်သာ ရှိခြင်းကြောင့် လူအများလွယ်ကူစွာ တန်ပြန်ပြီး အကွက်ချနိုင်နေခြင်းကြောင့် မဟုတ်ပါက အဆင့်တစ်ဆယ်အတွင်းသို့ပင် ဝင်ရောက်နိုင်ချေရှိပေသည်။

မီးခွေးမှာ စုပင်းအား မြင်သည်နှင့် တောက်ပနေသည့် မျက်လုံးများ ​မှေးမှိန်သွားပြီး ခေါင်းငိုက်စိုက်နှင့် သားရဲအခန်းထဲ သွားလိုက်၏။စုပင်းလည်းနောက်တစ်ယောက်ဖြစ်သည့် လုပင်းဖေးအား ကြည့်လိုက်၏ ။

"မသေမျိုး သားရဲအကြောင်း မဟုတ်ပဲ တခြားအကြောင်းအရာတွေကိုရော သင်ပေးဦးမှာလား ပရော်ဖက်ဆာ" လုပင်းဖေး အားရဝမ်းသာ မေးလာလျှင် "အင်း ဖြစ်နိုင်ပါတယ်" စုပင်း ဖြေလိုက်သည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now