အခန်း ၁၅၀ အွန်လိုင်း သင်ကြားရေး

Start from the beginning
                                    

(လျှပ်စီးအိမ်မြှောင်၏ မီးကြောင့် သင့်သွေး ၈၂၃ ကျသွားသည်)
(လျှပ်စီးအိမ်မြှောင် အမြှီးကြောင့် သင့်သွေး ၃၂၀ ကျသွားသည်)

ရှုကွမ်း ကီးဘုတ်အား အသည်းအသန် နှိပ်နေသော်လည်း ခနအကြာ ကွန်ပျူတာ မျက်နှာပြင် မီးခိုးရောင် ဖြစ်သွားသည်။

ရှုကွမ်း သေသွားမှ သူ့အဖွဲ့သားများ ပုန်းနေရာမှ ထွက်လာပြီး ဝင်းကာ တိုက်ခိုက်သော်လည်း လျှပ်စီးအိမ်မြှောင် လွတ်မြောက်သွားကာ ပစ္စည်းများ ကောက်ပြီး ပင်မ စခန်းသို့ ပြန်သွားလေ၏ ။

ရှုကွမ်း ဒေါသထွက်စွာ ESC ခလုတ် နှိပ်ပြီး ဂိမ်းမှ ထွက်လိုက်၏ ။

"တောသားတွေ။ တယောက်မပါပဲ ဘယ်လို ဆော့မလဲ ကြည့်ရအောင်" ရှုကွမ်း ဂိမ်းထဲ ငါးမိနစ် ဒေါသ နှစ်နာရီ ထွက်နေ၏။

ရှုကွမ်း ဂိမ်းကြောင့် ဒေါသ ဖြစ်ဆဲ အချိန်တွင် တိန်းခနဲ အသံနှင့်အတူ စာတန်းတစ်ခု တက်လာ၍ ဖတ်ကြည့်ရာ "သင့်သူငယ်ချင်း လုံကျန်းမှ ရုပ်ချောသူ ဝင်လာသည်" ဟု ရေးထားကြောင်း တွေ့လိုက်ရလျှင် အနာဂတ်နှင့် ယှဥ်လျှင် ဂိမ်းမှာ ဘာမျှ မဟုတ်ဟု တွေးရင်း ဒေါသများ လျော့ကျလာပြီး မျက်လုံး အရောင် တောက်လျှက်နှင့် ဝဘ်ဆိုက်ထဲသို့ လျင်လျင်မြန်မြန်ပဲ ဝင်ရောက်လိုက်တော့သည်။

စုပင်းနှင့် ထပ်တွေ့လျှင် သူ့အား နောက်ထပ် သင်ပေးနိုင်လား မေးချင်၍ ရှုကွမ်း ကွန်ပျူတာအား အမြဲ ဖွင့်ထားပြီး စုပင်း အွန်လိုင်း တက်လာမည်ကို နေ့တိုင်း စောင့်နေခြင်း ဖြစ်သည်။

ယခင်တခေါက် စုပင်း၏ သင်ကြားချက်များကြောင့် ရှုကွမ်း ကျောင်းတွင် နံပတ်နှစ် ဖြစ်လာခဲ့သည်။ ယခင်ဆရာများနှင့် သင်ကြားခဲ့ချိန် တွင် ထိုမျှလောက် တိုးတက်မှု မရှိခဲ့ပေ။ထို့ကြောင့်လည်း လူတိုင်းက ဘွဲ့တံဆိပ်ရသားရဲစစ်သည်တစ်ဦး၏ သင်ကြားမှုကို ရရန်အတွက် အလွန်စိတ်ထားထက်သန်ကြခြင်းမှာ ထူးဆန်းခြင်းမရှိပေ။သို့သော် ထိုသို့ရရန် အဆက်အသွယ် အလွန် လိုအပ်ကြောင်း ရှုကွမ်း သိနေ၏။

စုပင်းကဲ့သို့ ကိုယ်တိုင် ဆက်သွယ်ကာ သင်ကြားမှုသည် အလွန် ရှားပါးပေသည်။ထိုအပြင် စုပင်း၏ သင်ကြားပေးမှုက အခြားသော ဘွဲ့တံဆိပ်ရ သားရဲစစ်သည် သင်ပေးသည်ထက် အလွန်သာလွန်ကြောင်း သိနေပြီး စုပင်းမှ နှစ်ဆ တိုးတောင်းလျှင်ပင် ရှုကွမ်း လက်တွန့်နေမည် မဟုတ်ချေ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now