အခန်း ၁၃၉ အကုန်ရှုံးသွားတယ်

Comenzar desde el principio
                                    

"မနက်ဖြန် ငါ့ရဲ့ ပွဲရှိလို့ လာကြည့်မလား" စုလင်းယွဲ့ မေးလာရာ "အမ်...ပထမနှစ်ပဲ ရှိသေးတာ မဟုတ်ဘူးလား" စုပင်း အံ့ဩသွား၏ ။

"ပထမနှစ်လဲ ဘာဖြစ်လဲ ။ ချန်ပီယံလေ" စုလင်းယွဲ့ မကျေမနပ်နှင့် မေးလာလျှင် "ဒါဆို ဒါက သင်ကြားရေးပွဲပေါ့" စုပင်း မေးလာ၍ "ဒါက ကျောင်းတွေရဲ့ ချစ်ကြည်ရေးပွဲ ၊ ငတုံးရဲ့" စုလင်းယွဲ့ ဒေါသနှင့် ပြောလိုက်ပြီး ခြေဆောင့်ကာ အပေါ်တက်ရန် ပြင်လိုက်၏ ။

"ခနလေး" စုပင်း ခေါ်လိုက်၍ "ဘာလုပ်မလို့လဲ" စုလင်းယွဲ့ မကျေမနပ်နှင့် ပြောလိုက်ရာ "လာခဲ့ဦး" စုပင်း ခေါ်နေ၍ "ပြောစရာ ရှိရင် အမြန်ပြော" စုပင်းစကား နားမထောင်ချင်သော်လည်း နားထောင်ကြည့်ရန် စုလင်းယွဲ့ ဆုံးဖြတ်ပြီး ပြောလိုက်၏ ။

"ဟွန့်..အကိုဖြစ်သူကို နည်းနည်းလောက် ကြင်ကြင်နာနာလေး ​ပြောရရင် မြွေကိုက်မှာလား" ပြောပြောဆိုဆို စုပင်း သူ့ခန္ဓာကိုယ် ဝန်းကျင်ရှိ ရေအတားအစီး စက်ဝန်းအား ကြယ်တာရာ စွမ်းအင် အသုံးပြုပြီး ချုံ့လိုက်ရာ တဖြည်းဖြည်း သေးလာပြီး ထိုးဖောက်မြင်ရသော အလုံးတစ်ခု လေထဲ ပေါ်လာ၏ ။

"ဒါက ဘာလဲ" စုလင်းယွဲ့ ထိုအလုံးအား မျက်လုံး ပြူးပြီး ကြည့်ကာ မေးလာလျှင် "ဒါက ရေကောင်းချီးလို့ ခေါ်တယ် ။ အကာအကွယ် တစ်မျိုးပဲ ။ မနက်ဖြန် ပွဲမှာ သုံးလို့ ရမယ် ။ ပြီးရင် ပြန်ပေး" စုပင်း ပြောရင်း ထိုအလုံးအား ပေးလိုက်၏ ။

စုပင်း ထိုအရာအား စူးစမ်းသူများ ဝဘ်ဆိုက်မှ ဝယ်ခဲ့ပြီး အဆင့်ရှစ် သားရဲများ၏ တိုက်ခိုက်မှုအား ခုခံနိုင်၍ ဆိုင်တွင် အမြဲရှိနေသော သူ့အတွက် အသုံးမဝင် ဖြစ်နေလေ၏ ။

"ခုခံမှု ပစ္စည်းပဲ ။ ဘယ်က ရခဲ့တာလဲ" စုလင်းယွဲ့ ထိုအလုံးအား ကြည့်ပြီး အံ့ဩစွာ မေးလာလျှင် "မေးစရာ လိုလို့လား ။ မလိုချင်ရင် ပြန်ပေး" စုပင်း ပြောလိုက်ရာ နှစ်ယောက်လုံး ထိုသို့ အပြောအဆိုမှာ သာမာန်ပင် ဖြစ်နေ၍ အမှုပင် မထားချေ ။

"လက်ဆောင် ပေးတာဆိုတော့ ယူရမှာပေါ့" စုလင်းယွဲ့ အပြုံနှင့် ပြောလျှင် "ပေးတာ မဟုတ်ဘူး ။ ခနငှားတာ ။ တစ်ရက်ပဲ" စုပင်း ဖြတ်ပြောလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Donde viven las historias. Descúbrelo ahora