အခန်း ၁၂၄ အေးရိစ် သင်တန်းကျောင်း

Comenzar desde el principio
                                    

ဖုန်းချပြီးသည်နှင့် ရှုကွမ်း တိုက်ရှေ့ထွက်ကာ စုပင်းအား စောင့်နေလိုက်၏။အိမ်ယာ၏ အကျယ်အဝန်းကြောင့် မဟုတ်လျှင် ကိုယ်တိုင် အပေါက်ဝတွင် သွားစောင့်နေမည် ဖြစ်သည်။

ရှုကွမ်း စိတ်လှုပ်ရှားစွာနှင့် စောင့်နေပြီး အစောင့်နှင့် လာခဲ့သူအား ကြည့်ကာ မယုံနိုင် ဖြစ်သွားပြီး သင်ကြားသူလား အခြား အကူများလား ထင်လာ၏ ။

အကြောင်းကား ဘွဲ့တံဆိပ်ရ သားရဲစစ်သည်များမှာ အလွန် အလုပ်များ၍ အချို့အား အကူအညီတောင်းကာ သူတို့အလုပ်များ လုပ်ခိုင်းလေ့ ရှိခြင်းကြောင့် ဖြစ်၏ ။

"မစ္စတာရှုကို မေးတာ ဒီက လူကြီးမင်းပါ" အစောင့်မှ စုပင်းအား ခေါ်လာရင်း ပြောလျှင် ရှုကွမ်း အပြုံးတုတစ်ခု ပြုံးကာ "သူ့ရဲ့ ကျောင်းသားလား ။ ဒါမှမဟုတ်..." ယဥ်ကျေးစွာ မေးကြည့်လိုက်၏ ။

"လုံကျန်းမှ ရုပ်ချောသူ ပါ" စုပင်း ပြုံးပြီး အနည်းငယ် ခါးကိုင်းကာ ပြောလိုက်လျှင် ရှုကွမ်း အံ့ဩမှုကြောင့် ခနတာ တိတ်ဆိတ်သွား၏ ။

"အမ်...ဟမ်...လုံကျန်းမှ ရုပ်ချောသူ ဟုတ်လား" ခနကြာမှ ရှုကွမ်းခေါင်းမှ သံပတ်များ ပြန်လည်ကာ မေးလိုက်လျှင် "ဟုတ်တယ် ။ ရှုကွမ်း မလား ။ အချက်အလက် ဖတ်ကြည့်တာ မသေမျိုးသားရဲတွေ သုံးတယ်ဆို ။ ဖြစ်ချင်တော့ မသေမျိုးနဲ့ ပက်သက်ရင် ကျွမ်းကျင်လို့ လာခဲ့တာ" စုပင်း ပြောလိုက်၏ ။

"ငါ့ကို ဟာသလာလုပ်နေတာလား။မင်းက သင်ပေးမယ် ဟုတ်လား ။စာရင်းသွင်းတာ ဘယ်လိုကျော်လာတာလဲ ။ ရတယ် ။အခုပဲ ဟန်ဆောင်တယ်လို့ တိုင်ရမယ်" ဒေါသကြောင့် ရှုကွမ်း၏ မျက်နှာ နီရဲလာပြီး ဒေါသတကြီး ပြောလိုက်၏ ။

စုပင်းမှာ သူ၏ ငယ်ရွယ်သော ရုပ်ကြောင့် ပြဿနာ တက်နိုင်သည် သိသော်လည်း ထိုမျှ မထင်ခဲ့မိပေ ။

"ဘာမှ မလုပ်ရသေးပဲ ဘယ်လို သိမလဲ ။ သင်ကြားရေး အလုပ်မဖြစ်ရင် တိုင်လိုက်ပါ" စုပင်း ပြောလျှင် "ဘာကို လုပ်ရမှာလဲ ။ ငါဘယ်သူလဲ သိလား ။ ငါက အေးရိစ် သင်တန်းကျောင်းရဲ့ ထိပ်တန်းကျောင်းသားပဲ ။ မင်က ဘယ်သူလဲ ။ ဟမ်" ရှုကွမ်း မေးလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Donde viven las historias. Descúbrelo ahora