အခန်း ၁၁၇ ရှုပ်ရှက်ခတ်နေသောဆိုင်

Start from the beginning
                                    

"ပြောရရင် ဟုတ်တယ်" ညင်းစရာ မရှိ၍ အရှိအတိုင်း စုပင်း ပြောလိုက်၏။သူ၏ ဂရုမစိုက်တတ်သော အကျင့်ကြောင့် စုလင်းယွဲ့မှာ သူမအား အနိုင်ကျင့်မည့်အကြောင်း မပါလာ၍ သံသယ ဖြစ်နေမိသော်လည်း အကယ်၍ စုပင်းက  အကြောင်းပြချက်အား ရှင်းပြခဲ့ရင်လည်း  လက်ခံမည် မဟုတ်ပေ ။

"ဘာမှ ပြောစရာ မရှိရင် အခန်းပြန်တော့ ။ ကျင့်ကြံရဦးမယ်" သူ့ညီမ ဘာမှမပြောပဲ ဒီအတိုင်း ရပ်နေသည်ကို စုပင်း စိတ်မရှည်တော့ပဲ ပြောလိုက်၏။ စုလင်းယွဲ့လည်း အကိုဖြစ်သူအား တစ်ချက်ကြည့်ပြီး ထွက်သွားလိုက်၏ ။

နောက်နေ့မနက် စုပင်း အောက်ဆင်းလာချိန်တွင် ရှားရှားပါးပါး စုလင်းယွဲ့အား မတွေ့ရ၍ အံ့ဩကာ အိမ်မှ ထွက်ပြေးသွားပြီလားဟုပင် ထင်မိလိုက်သည် ။

ထို့နောက် စိတ်စွမ်းအင်နှင့် ဖြန့်ကျက်ကာ ကြည့်လိုက်မှ စုလင်းယွဲ့အား သူမ အခန်းထဲတွင် အိပ်နေကြောင်း စုပင်း သိလိုက်ရပြီး မနက်စာ အမြန်စားပြီး သူ့မိခင်အား နှုတ်ဆက်ကာ ထွက်သွားလိုက်၏ ။

စုပင်း ထွက်သွားပြီး မကြာမီ စုလင်းယွဲ့ ခရီးသွားဝတ်စုံ အပြည့်နှင့် ဆင်းလာခဲ့သည်။အမှန်တော့ သူမ အိပ်နေခြင်း မဟုတ်ပဲ ယနေ့တွင် သူမလည်း အားနေသဖြင့် စုပင်း ထွက်သွားသည်ကို စောင့်ကာ စုပင်း၏ ငရဲမီးနဂါး ရလာခြင်းနှင့် အခြားသော လျှို့ဝှက်ချက်များအား ကိုယ်တိုင် လိုက်ကြည့်ရန် ဆုံးဖြတ်ချက် ချထားခြင်း ဖြစ်သည်။

"သွားလိုက်ဦးမယ် အမေ" မနက်စာအား ယူကာ ပြောရင်း ထွက်သွားလျှင် "ဂရုစိုက်သွားပါ ။ ဟမ်...ဒီနေ့ မနားဘူးလား" လီချင်းယု မီးဖိုခန်းမှ ထွက်ရင်း ပြောချိန် စုလင်းယွဲ့အား မတွေ့ရ၍ "မအားဘူးလား ။ လွှတ်ထားလိုက်တာပေါ့" ရေရွတ်လိုက်၏ ။

လီချင်းယု စျေးသွားလျှင် သုံးနေကျ လျှပ်စစ်စက်ဘီးအား စီးကာ စုလင်းယွဲ့ ကြယ်တာရာ စွမ်းအင်များအား အင်တာနာကဲ့သို့ အသုံးပြု၍ ဆိုင်သို့ လိုက်သွားလိုက်၏ ။

နာရီဝက်ခန့်အကြာ စုပင်း ဆိုင်သို့ ပုံမှန်အချိန် ရောက်သွားပြီး ဆိုင်ရှေ့တွင် ကျောင်းသားအချို့ အေးစက်သော မနက်ခင်းတွင် ဆိုင်ရှေ့၌ တွေ့လိုက်ရပြီး သူမှတ်မိနေသော မျက်နှာအချို့လည်း တွေ့လိုက်ရလေ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now