အခန်း ၁၁၅ နဂါးမျှော်စင်

Start from the beginning
                                    

မစ်ရှင်၏ အခက်အခဲကြောင့် စုပင်း မကျေမနပ် ဖြစ်သော်လည်း စိန်ခေါ်ရန် စိတ်ဓာတ် မကျသေးပေ ။

နယ်မြေမှာ ပုံရိပ်သာ ဖြစ်၍ အတွေ့အကြုံမှ လွဲကာ အခြားအရာများ ယူ၍ မရနိုင်သဖြင့် နဂါးဝိညဥ် ပြောသော အမွေအနှစ်အကြောင်းလည်း စုပင်း စိတ်မဝင်စားပေ ။

"လုပ်ကွာ" စုပင်း ပြင်ဆင်ပြီး သားရဲများနှင့် မျှော်စင်ခြေရင်းရှိ ဝင်ပေါက်သို့ သွားလိုက်၏ ။

အရိုးခြောက်ကလေးသာ နဂါးမျိုးနွယ်စု၏ ခွန်အားကို ဂရုစိုက်ခြင်း မရှိပေ။ အခြေအနေ အဆိုးဆုံးဖြစ်သော လစန္ဒာခွေးမှာ ကြောက်ရွံ့ခြင်းကြောင့် နေရာတွင်ပင် တုန်ရီနေပြီး ငရဲမီးနဂါးမှာလည်း  ထူးမခြားနား ဖြစ်သည်။၎င်းကလည်း နဂါးမျိုးနွယ်၏ ကြပ်မတ်သော အဆင့်အတန်း ခွဲခြားမှုကြောင့် ကြောက်နေရှာ၏ ။

ခရမ်းရောင်မြွေမှာမှု စုပင်း၏ ခြေရင်းတွင် စိတ်သက်သာရလိုငြား ခွေခွေကလေး နေနေ၏ ။

မျှော်စင်အထဲသို့ ရောက်လေလေ စိတ်ဝိဥာဏ်အပေါ်သို့ သက်ရောက်နေသည့် ဖိအားမှာ ပို၍တိုးလာလေလေဖြစ်ပြီး နေရာအနှံ့ အန္တရာယ် ရှိနေသည့်အလား ထင်ရကာ တော်ရုံလူဆိုပါက ဖနှောင့်နဲ့တင် တစ်သားတည်းကျအောင် ထွက်ပြေးသွားနိုင်၏ ။

စုပင်း အသက်ပြင်းပြင်း ရှူသွင်းကာ မသေမျိုးများ၏ ကစဥ့်ကလျား နယ်မြေမှ အတွေ့အကြုံကြောင့် အမှုမထားပဲ ဝင်သွားလိုက်သည်။

ထိုစဥ် ရွှေရောင်နဂါးတစ်ကောင် ထွက်ပေါ်လာပြီး သူ့အား စိုက်ကြည့်ကာ တုနှိုင်းမရသော ခွန်အားကို ပြနေခဲ့သည် ။

အခြားသားရဲများရှေ့တွင် အလွန် မာနကြီးသော ငရဲမီးနဂါးမှာ မျက်နှာအား အတောင်တစ်ဖက်နှင့် ဖုံးကာ ကြောက်နေပြီး လစန္ဒာခွေးမှာ ကြမ်းပေါ် လဲကျကာ သတိလစ်နေ၍ ခရမ်းရောင်မြွေမှာ ခွေပြီး ခေါင်းဝှက်ကာ မမြင်ရအောင် ကြိုးစားနေ၏ ။

အရိုးခြောက်ကလေးကတော့ တုန်လှုပ်ခြင်းမရှိ ရပ်နေ၏ ။

စုပင်း သူ၏ကြောက်နေသော သားရဲများကိုကြည့်ကာ စိတ်ပျက်စွာဖြင့် ခေါင်းခါယမ်းမိလိုက်သည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now