အခန်း ၁၀၁ လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲ

Start from the beginning
                                    

သမင်၏ပိုင်ရှင်ဖြစ်သူ လုပင်းဖေးအမည်ရသူမှာ သူ၏သားရဲအကြောင်းကို အသိဆုံး ဖြစ်ပြီး မြေအကျဥ်းလို နေရာအကျယ် ထိန်းချုပ်မှုအတွက် ကောင်းသော တိုက်ပွဲဝင် စွမ်းရည်မျိုးအား သူ၏သမင်ကဲ့သို့ အကူအညီပေးသည့် သားရဲအမျိုးအစားအနေနဲ့ တတ်မြောက်ရန် မဖြစ်နိုင်ကြောင်း သိနေခြင်းကြောင့် "မစ္စတာစု ၊ ဒီအစွမ်းကို သင်ပေးလိုက်တာလား" မေးကြည့်လိုက်၏ ။

"မဟုတ်ရင် ဘာဖြစ်မှာလဲ" လုပင်းဖေး ကြားလျှင် သူ၏သမင်မှာ အလယ်အလတ်အဆင့် နေရာထိန်းချုပ်အမျိုးအစား စွမ်းရည်ကို တတ်မြောက်သွား၍ စိတ်လှုပ်ရှားကာ တုန်နေပြီး အကောင်းဆုံး မဟုတ်လျှင်ပင် ကျွမ်းကျင် လေ့ကျင့်ရေး ဆရာအဖြစ် လက်ခံသွား၏ ။

ထိုအခါမှ ဆိုင်နှင့် ပက်သက်သော ကောလဟာလမှာ အမှန်ဖြစ်ကြောင်း လက်ခံ၍ ငွေပေးနိုင်လျှင် သားရဲအားလုံး လျှပ်စီးကြွက်ကဲ့သို့ ဖြစ်နိုင်မည်မှန်း နားလည်သွားကြ၏ ။

"သမင်က တိုးတက်လာတာ တွေ့ပြီ။ တခြားကောင်တွေကော" မိန်းကလေးမှ မေးလာလျှင် စုပင်း သားရဲ နှစ်ကောင်အား အစွမ်းများ သုံးရန် အမိန့်ပေးလိုက်၏ ။

ထိုအစွမ်းများမှာ မြင်နေကျ အလယ်အလတ် အစွမ်းများ ဖြစ်ပြီး သားရဲများ ပထမအကြိမ် လေ့ကျင့်ရေး ဖြစ်၍ အလွန် တိုးတက်မှု တွေ့ရကာ "ရေခဲပုတ်သင်က ဒီရေလှိုင်းကို တတ်ထားတယ် ။ ဒီမှာတော့ ပြလို့ မရဘူး ။ စမ်းကြည့်ပြီးလို့ မေးစရာရှိရင် ပြန်လာမေး" နောက်ဆုံး ကျန်နေသူအား စုပင်း ပြောလိုက်၏ ။

"ဆက်ပြီး လေ့ကျင့်ပေးလို့ ရမလား" အားလုံး သံသယ ဖြစ်ရန် မကျန်တော့၍ လုပင်းဖေး စုပင်းအား ကြည့်ကာ မေးလိုက်ရာ "တစ်ရက် တစ်ကြိမ်ပဲ ရပါတယ်" စုပင်း ရှင်းအောင် ပြောပြလိုက်၏ ။

"အရင်တုန်း အပြုအမူတွေ အတွက် တောင်းပန်ပါတယ်ဗျာ။ကျွန်တော်ဘက်က ဒီလိုမျိုး မလုပ်သင့်ပါဘူး" ခေါင်းကိုကုတ်ကာ လုပင်းဖေး တောင်းပန်လိုက်လိုက်၏။

"ဟမ့်"  စုပင်း၏ နှာမှုတ်သံထွက်လာ၍ ခွင့်မလွှတ်ဘူးထင်ကာ လုပင်းဖေး ဖိအား များသွားခဲ့ပြီး ယခင်က တိတ်တိတ်နေခဲ့သင့်သည်ဟု သူ့ကိုယ်သူ ကျိန်ဆဲနေမိ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now