အခန်း ၈၈ အထူး ဝင်ခွင့်(သီးသန့် ခွင့်ပြုချက်)

Start from the beginning
                                    

ဒုကျောင်းအုပ်မှာ သူမအား တွေ့ချင်၍ ခေါ်သည် ဖြစ်ပြီး စုပင်းအား အရေးပင် လုပ်မည် မဟုတ်၍ စုပင်း ပြောသည်မှာ သဘာဝကျသည်ဟု တွေးပြီး ဆုယန်ယင်း ဆက်ပြီးမညှင်းတော့ချေ။

"တစ်ယောက်ယောက် လာနေတယ်" စုပင်း ပြောလိုက်ရာ ဆုယန်းယင်းလည်း ခြေသံများကို ကြားလိုက်ရပြီး ရင်တုန်သွား၏။ချက်ခြင်းပဲ ဆိုဖာဘေးတွင် မတ်မတ် ရပ်နေချိန် တံခါး ပွင့်သွားပြီး အပြင်မှလူမှာ ချက်ချင်း ဝင်မလာသေးပဲ အထဲရှိ အရာများအား အကဲခတ်နေ၏ ။

"ဒု...ဒုကျောင်းအုပ်နဲ့ ဆရာတို့" ဆုယန်းယင်း ဒုကျောင်းအုပ်နောက်မှ အခြားသူများ ပါလာကြောင်း တွေ့ရလျှင် ဖိအား နှစ်ဆ တိုးသွားသော်လည်း ယဥ်ကျေးသူ ဖြစ်သည်နှင့်အညီ ပြုံးပြလိုက်၏ ။

လူကြီးတစ်ယောက် ​ရှေ့မှ လျှေက်ကာ အပြုံးနှင့် အခြား ဧည့်သည်ဖြစ်သော စုပင်းအား ရှာလိုက်ရာ ခေါင်း၏ တစ်ပိုင်းတစ်စသာ ဆိုဖာမှ ကျော်ပြီး မြင်လိုက်ရ၍ အရေးကြီးသူများအရှေ့ ထိုသို့ အမူအယာမျိုး မပြုလုပ်ရန် အကြီးဖြစ်သော သူမှ သင်ပြလျှင် မည်သို့ တုံပြန်မည့်အကြောင်း ဒေါင်မင်းဆောင်း သိချင်နေ၏ ။

"အဟမ်း...ကြိုဆိုပါတယ်...မစ္စတာ" သူ့လက်ထောက်အား ထွက်သွားရန်နှင့် ရောက်လာကြောင်း ပြလိုသော သဘောနှင့် ဒေါင်မင်းဆောင်း ပြောလိုက်၏ ။

စုပင်း စိတ်ဝင်စားကာ ထကြည့်ရာ စကားပြောသောလူအပြင် အခြားလူ ခုနစ်ယောက်အား တွေ့လိုက်ရပြီး အားလုံးမှာ တိုက်ပွဲမှ ရသော အမာရွတ်များနှင့် ဖြစ်ကာ တစ်ယောက်သည် နှာခေါင်းထိပ်ပြတ်နေပြီး အရိုးခြောက်ကဲ့သို့ ခံစားချက် ပေးနေ၍ ကလေးများကို ကြောက်ရွံ့စေနိုင်သည်ကြောင်း စုပင်း တွေးလိုက်၏ ။

"မင်္ဂလာပါ" စုပင်း နှုတ်ဆက်ပုံအား ကြည့်ကာ ဒုကျောင်းအုပ်အား မသိသည့်သဘော ဖြစ်နေ၍ အားလုံး အံ့ဩသွားကာ စုပင်းအား ကျောင်းမှ မဟုတ်မှန်း သဘောပေါက်သွား၏။

"လူလေးက ဒီက ကျောင်းသားမဟုတ်ဘူးလား" ဒေါင်မင်းဆောင်းလည်း ထိုအချက်အား တွေးမိပြီး စိတ်ဓာတ်ကျဆင်းသွာကာမေးလိုက်၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now