အခန်း ၈၂ အထင်ကြီးဖွယ် ထွက်ပေါ်လာခြင်း

Start from the beginning
                                    

လူအချို့မှ ဒေါသဖြင့် ဒေါင်မင်းဆောင်းကို ကြည့်လိုက်ကြသည်။ အားလုံးမှာ ထိပ်တန်း အဖွဲ့များမှ ဖြစ်သည်အတွက် အဆိုပါအရှက်မရှိသူ နှစ်ယောက်အား သူတို့ဘာမှ မလုပ်နိုင်သော်လည်း ဒေါင်မင်းဆောင်းအတွက်မူ ယဥ်ကျေးစရာလိုမည် မဟုတ်ပေ ။

"တကယ်ကို မသိလိုက်တာပါ ။ သိလိုက်တဲ့အချိန် စာချုပ် ချုပ်ပြီးသွားပြီ ။ ဘာမှ လုပ်ပေးလို့ မရတော့ဘူး" ဒေါင်မင်းဆောင်း အပြစ်မရှိသံနှင့် ပြောလျှင် "ဘာလို့ မသိရမှာလဲ ။ ကျောင်းအုပ်ကို ဒီအကြောင်း ပြောလိုက်မယ်ဆိုတာ ယုံထားလိုက်" တစ်ယောက် ပြောလာ၍ "တကယ် ဘာမှ မသိလိုက်ရတာပါ ။ ကျောင်းအုပ်ကို ပြောမယ်ဆိုလဲ ဘာမှ မတတ်နိုင်ဘူး" ဒေါင်မင်းဆောင်း ဝမ်းနည်းသံနှင့် ပြောလာ၏ ။

ဒေါင်မင်းဆောင်း ထိုအချက်ကိုသာ ထပ်တလဲလဲ ပြောနေ၍ အခြားသူများ ဒေါသ ထွက်သော်လည်း ဘာမှ မမတတ်နိုင် ဖြစ်နေပြီး အရှက်မရှိသူ နှစ်ယောက်နှင့် မြေခွေးအို တစ်ယောက်အား ဘာမှ မပြောနိုင်ကာ မြင့်မြတ် သန့်ရှင်းခြင်းမှာ သူ့တို့ အပြစ် ဖြစ်သွားကြောင်း သိနေ၏ ။

"ခနနေ ကျမတို့ အလှည့် ရောက်တော့မယ်" ဒုတိယနှစ်၏ ဖိုင်နယ် နှစ်ယောက် စင်ပေါ်တက်လာချိန်တွင် ဆုယန်ယုင်း စုပင်းအား သတိပေးလိုက်၏။ပျင်းနေသော စုပင်း တချက်တချက် စင်၏ ခပ်လှမ်းလှမ်းနေရာမှ လူအချို့ကိုကြည့်လိုက်သည်။သူ့အား ပြောပြစရာပင် မလိုပဲ တစ်ကွင်းလုံးတွင် အင်အားအကြီးဆုံး လူများ ဖြစ်ကြောင်း စုပင်း သိနေ၏ ။

"သူတို့က ကျောင်းမှာ လာပြီး လူလာရှာတဲ့ ထိပ်တန်း အဖွဲ့တွေလား" ထိပ်တန်းအဆင့် စူးစမ်းသူ အဖွဲ့များသာ ကျောင်းတွင် လာရောက် အလားအလာ ရှိသောသူ ရှာကာ ဒုတိယအဆင့်နှင့် တတိယအဆင့် အဖွဲ့များသည် သာမာန် ကျောင်းသားများမှ ရှာရ၏ ။

လုံကျန်းမြို့တွင် နာမည်ကြီးကျောင်း ခုနစ်ကျောင်း ရှိပြီး ဖီးနစ်တောင်ထွတ် ကျောင်းမှာ တစ်ခု အပါအဝင် ဖြစ်ကာ ဖန်းရှောင်းယုသည် မြို့အတွင်းထဲရှိ ကျောင်းခုနစ်ကျောင်းမှ ထိပ်တွင် ရှိသော ကျောင်း၌ တက်နေကာ ထိုကျောင်း၏ နာမည်မှာ လုံကျန်းမြို့ ပြင်ပအထိ ပြန့်နှံ့နေသည် ဖြစ်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now