အခန်း ၈၁ စုလင်းယွဲ့၏ ဖျော်ဖြေမှု

Start from the beginning
                                    

"အကောင်းဆုံး ဖြစ်ပါစေ"
"အကောင်းဆုံး ဖြစ်ပါစေ" မိန်းကလေးများ အားပေးနေရာမှ စုလင်းယွဲ့ ထလိုက်ပြီး သူမ၏ဆရာရှေ့တွင်ဖြတ်သွားချိန်၌ "သတိထား ။ သရုပ်ပြပွဲ ဆိုရင်တောင်မှ ရှုံးရင် မျက်နှာ ပျက်ရမယ်"ဟု ဆရာဖြစ်သူသတိပေးလာ၍ သူမ ခေါင်းညှိမ့်ကာ စင်ပေါ် သွားလိုက်၏ ။

သူမပြိုင်ဖက်မှာ စင်၏ အခြားတစ်ဖက်တွင် ရပ်နေ၏။ပွဲကြည့်စင်တစ်နေရာမှ ပြိုင်ဘက်၏ရင်းနှီးသူတစ်ယောက် သူမကို လက်ဝှေ့ရမ်းပြနေသည်ကို စုလင်းယွဲ့ မြင်လိုက်ရ၏။

ထိုအခြင်းအရာအားမြင်မှသာ သူမ ပေးခဲ့သော လက်မှတ်ကို စုလင်းယွဲ့ သတိရသွားခဲ့သည်။စိတ်ခုသွားသော်လည်း သူမလက်မှတ်နေရာကို စုလင်းယွဲ့ကြည့်ပြီး ရှာမိလိုက်၏။ လူအများအပြား ရှိသော်လည်း သူမအမြင်မှာစူးရှလှ၍ တစ်ချက်ခန့် ဖျတ်ခနဲ ကြည့်ရုံနှင့် ရင်နှီးပြီး ရွံရှာဖွယ်ကောင်းသော မျက်နှာအား မတွေ့ရခြင်းကြောင့် ပိုပြီးရွံရှာသွားခဲ့သည်။

စုလင်းယွဲ့ ရင်ထဲ ဒေါသများနှင့် အံကြိတ်လိုက်ပြီး အစောက သိလျှင် မပေးခဲ့ပါက အကောင်းသားဟု တွေးလိုက်သည်။သို့သော် သူမ၏အကြည့်က အထက်တန်းတစ်နေရာသို့ ရောက်သွားချိန်တွင် ရင်းနှီးနေသော မျက်နှာအား တွေ့လိုက်ရ၍ သေချာ ကြည့်လိုက်မှ သူမမျက်လုံး ပြူးသွား၏ ။

"ဟမ်...သူပဲ ။ တကယ်ပဲ ။ နီကျားလေးလား...ဖီး ဖီး ဖီး ။ အဲ့ဒီ သူတောင်းစား ။ ဘယ်လို အထက်တန်းထဲ ရောက်သွားတာလဲ။ ခနလေး ၊သူ့ဘေးမှာရှိတာ လျှပ်စီးကြွက် ပိုင်ရှင်မဟုတ်လား ။" စုလင်းယွဲ့ ပြန်ကြည့်ရာ စုပင်းအပြင် အခြား နာမည်ကြီး ကျောင်းသားများအား တွေ့လိုက်ရပြီး သူမ မမှားကြောင်း သိလိုက်ရ၍ မစဥ်းစားတတ် ဖြစ်သွား၏ ။

ဒိုင်မှာလည်း စုလင်းယွဲ့အား ခေါ်သည်ကို ပြန်မပြော၍ အော်ခေါ်လိုက်မှ စုလင်းယွဲ့ သတိပြန်င်လာပြီး လှည့်ကြည့်လာ၏ ။

"ပွဲစနေပြီ" ဒိုင်မှ သတိပေးမှ စုလင်းယွဲ့ မူလ ပြုံးနေသော ပြိုင်ဖက် မျက်နှာ ဒေါသမိုးမွှန်နေကြောင်း တွေ့လိုက်ရ၏ ။

စုလင်းယွဲ့ ရှင်းပြမရ၍ ရင်ထဲ အားနာသွားကာ ထိုသူ ဒေါသထွက်လျှင်ပင် သူမ မကြောက်ပဲ ပွဲအပေါ် အာရုံပြန်စိုက်ကာ စင်အောက်မှ ရွံရှာဖွယ်သူအကြောင်း တွေးပြီး ခေါင်းမော့၍ သူမ မည်မျှ ခွန်အားကြီးကြောင်း ပြသရန် ဆုံးဖြတ်လိုက်ပြီး သူမ၏ မီးသရဲသားရဲအား ပုံစံအမှန် ပြောင်းခိုင်းပြီး တိုက်ခိုက်ခိုင်းလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now