အခန်း ၆၈ ငရဲကျောက်

Start from the beginning
                                    

"ဒါ ရွှေလား ၊ ဘာလား" ယခု နေရာသည် မြေပုံတွင် မပါသော နေရာဖြစ်ခြင်းကြောင့် တန်ဖိုးကြီး အရာများ တွေ့ရသည်မှာ မထူးခြားပဲ ထိုအရာသည် စူးစမ်းသူများ သူတို့ အလုပ်အား နှစ်သက်သော အရာဖြစ်ကာ ရွှေ သို့မဟုတ် ယူရေနီယမ် မိုင်းတစ်ခု တွေ့လျှင် အခြားသူများထက် ချက်ချင်း ချမ်းသာသွားနိုင်၏ ။

စုပင်းလည်း ထိုသို့ ကံကောင်းခြင်းအား နှစ်သက်ကာ ယခုမူ တယောက်ထဲ ဆင်းကာ မယူနိုင်ပဲ အကူအညီ လိုပြီး စနစ်၏ ပစ္စည်းထားရာ နေရာမှာ ထိုသို့ ကျောက်ရိုင်းများအတွက် နေရာ မလုံလောက်ခြင်းကြောင့် သားရဲတစ်ကောင်အား သွားသယ်ခိုင်းကာ ပြန်ယူရန်သာ ​တတ်နိုင်၏ ။

ဖန်ကန်းလီ ကျောက်ခဲတစ်ခုအား ပစ်ချကြည့်လျှင် အသံပြန်မကြားရ၍ "လီယင်း ၊ မင့် တီကောင်ကို အောက်ဆင်း ကြည့်ခိုင်းလိုက် ။ မြေခွေး သေသွားရင် အလောင်း တွေ့ချင်တယ်" ပြောလိုက်လျှင် လီယင်း ခေါင်းညှိမ့်ကာ သူ့ တီကောင်သားရဲအား တွင်းတူးခိုင်းလိုက်၏ ။

သွေးမြေခွေး သေသွားလျှင် သူ့လုပ်ဆောင်ရန် ကျရှုံးမည် ဖြစ်ခြင်းကြောင့် စုပင်း မပျော်နိုင် ဖြစ်နေ၏ ။

"တွေ့ပြီ ။ ရှင်နေသေးတယ်" ခနအကြာ လီယင်း မျက်လုံး အရောင်လက်ကာ ပြောလာ၏ ။

"တကယ်လား ။ မပျံနိုင်ပဲနဲ့ အောက်ကျတာ ဘယ်လို အသက်ရှင်တာလဲ" ဖန်ကန်းလီ မေးလိုက်ရာ "လှိုင်ဂူ တစ်ခု အောက်မှာ ရှိနေတယ် ။ သွေးမြေခွေးကို အထဲမှာ တွေ့တာ" စုပင်း လီယင်း ပြောသံကြားလျှင် သွေးမြေခွေး မည်မျှကြာအောင် စောင့်နေရသလဲဟု တွေးမိနေ၏ ။

"အမြန် ၊ သူ့ဆီရောက်အောင့် ခေါ်သွားပေး" ဖန်ကန်းလီ ပျော်ရွှင်စွာ ပြောလိုက်လျှင် "တီကောင် သားရဲကိူ အမြန် လှိုဏ်ခေါင်း ဖောက်ခိုင်းနေတယ်" လီယင်း ပြန်ပြောလာ၏ ။

ခနအကြာ တီကောင်သားရဲသည် သူသွားခဲ့သော လမ်းကြောင်းအား အက်စစ်ရည်များ ဖျန်းကာ လူဝင်၍ ရသည့် အကျယ် ချဲ့လိုက်ပြီး အားလုံး လိုက်သွားကာ လှိုင်ဂူထဲ ရောက်သွားကာ လှိုင်ဂူ မခေါ်ပဲ ကျင်းသာ ခေါ်ရမည့် နေရာအထဲ ရောက်သွား၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now