အခန်း ၃၆ ကြယ်တံခွန် ဇယား

Mulai dari awal
                                    

အရိုးခြောက်များ၏ အခြေခံ ပြန်လည်စုစည်းခြင်းမှ ပြန်လည် ထမြောက်ခြင်းသို့ အဆင့်မြင့်သွားကာ အခြား အစွမ်းများမှာ မသေမျိုး သားရဲများ၏ အလည်အလတ်နှင့် အဆင့်မြင့် အစွမ်းများ ဖြစ်ကာ မသေမျိုးများ ကျွန်ပြုခြင်း အစွမ်းမှာ မသေမျိုး သားရဲများအတွက် အလွန် ရှားပါးအစွမ်း ဖြစ်သည် ။

မသေမျိုး ကျွန်များ၏ ခွန်အားမှာ ပတ်ဝန်းကျင်အပေါ် မူတည်ကာ အသေကောင်များနှင့် ပြည့်နေသော နေရာများတွင် ပြိုင်ဘက်မဲ့အဖြစ် သတ်မှတ်နိုင်သည် ။ ထို့နောက် သွေးဝိညဥ် ပြောင်းလဲကာ ကျွန်များ၏ သွေးများအား စွမ်းအင်အဖြစ် ပြောင်းကာ သားရဲအတွက် အသုံးပြု၍ ရသည် ။

အလည်အလတ် ဓားသိုင်းမှာ မသေမျိုးများအတွက် မဟုတ်ပဲ လူတစ်ပိုင်း သားရဲများအတွက် ဖြစ်ကာ နာမည်တွင် ရေးထားသည့်အတိုင်း အလည်အလတ် အဆင့် အစွမ်း ဖြစ်၏ ။

အခြား ကျန်သော အစွမ်းများမှာလည်း အလွန် အသုံးဝင်ကာ တိုက်ခိုက်ရာတွင် ခေါင်းကိုက်စေနိုင်သော အစွမ်းများ ဖြစ်၏ ။

အစွမ်းများ အများအပြား တတ်မြောက်နေသော်လည်း အရိုးခြောက်ကလေးမှာ အဆင့် ၂ သာရှိသေးကာ တိုက်ခိုက်နိုင်စွမ်း ၇.၄ ရှိနေ၍ အဆင့် ၇ အလည်အလတ် သားရဲများနှင့် ယှဥ်နိုင်နေ၏ ။

အရိုးခြောက်ကလေး၏ တိုက်ခိုက်နိုင်စွမ်း ၇.၁ ရောက်ချိန် ပါရမီမှာ သာမာန်ထက် မြင့် ပြောင်းသွားကာ နေ့တစ်ဝက်ထဲနဲ့ နောက်ထပ် ၀.၃ ထပ်တက်လာ၍ မသေမျိုး နယ်မြေမှာ အရိုးခြောက်ကလေးအတွက် သုခဘုံဟု ပြော၍ ရနိုင်ခြင်းအား ကြည့်ရင်း စုပင်း ပျော်နေ၏ ။

နောက်တစ်ကောင် အတွက်မူ...
အရိပ် လျှပ်စီးကြွက်
အမျိုးအစား - လျှပ်စီးမျိုးနွယ် သားရဲ
အဆင့် - အဆင့် ၃ အလည်အလတ်
တိုက်ခိုက်နိုင်စွမ်း - ၇.၃
ပါရမီ - သာမာန်ထက် မြင့်
တတ်မြောက်ပြီး အစွမ်း - လျှပ်စီး အလျင် ၊ လျှပ်စီးနှင့် ပြေးခြင်း ၊ ဆတိုး လျှပ်စီးပုံရိပ် ၊ လျှပ်စီး ဓား ၊ လျှပ်စီး ဝတ်ရုံ ၊ ပတ်လည် လျှပ်စီး အကျဥ်း ၊ သွေးဆာ ကိုက်ခြင်း ၊ လျှပ်စီး ဟိန်းသံ ၊ ဝိညဥ် စားသုံးခြင်း ၊ မသေမျိုး လက်သည်း ၊ အသက် စုပ်ခြင်း ၊ မသေမျိုး ခေါ်ယူခြင်း ၊ သေချင်ယောင် ဆောင်ခြင်း ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Tempat cerita menjadi hidup. Temukan sekarang