အခန်း ၁၂ တော်လွန်းသော ဆရာ

Začít od začátku
                                    

ဇန်းရှုံ နှာတစ်ချက် မှုတ်ကာ နောက်လှည့်ပြီး စင်ပေါ်မှ ထွက်သွား၍ အရှုံပေးခြင်းနှင့် အဓိပ္ပါယ် အတူတူဖြစ်၏ ။

ဇန်းရှုံတွင် နဂါးခွေးနှင့် မတိမ်းမယိမ်း သန်မာသော သားရဲတစ်ကောင်အား လက်ရည်စမ်းပွဲများအတွက် ဝှက်ဖဲအနေနှင့် ထားထားသော်လည်း နဂါးခွေးနှင့် သိမ်မကွာသည့်အပြင် လျှပ်စီးကြွက်၏ လျှပ်စီးပုံရိပ်ကို မဖြေရှင်းနိုင်၍ သူ့အတွက် အရှုံးသာရှိသောကြောင့် ဖြစ်၏ ။

ဇန်းရှုံ စိတ်ထဲတွင် လက်ရည်စမ်းပွဲတွင် တစ်ပွဲရှုံးခြင်းမှာ ၁ မှတ်သာ လျော့ပြီး သူတွင်ရှိသော သားရဲ အကုန်သုံးကာ နောက်ထပ် ပြိုင်ဖက်များအား အသိပေးခြင်းမှာ သူ့အတွက် မတန်ကြောင်း သတ်မှတ်လိုက်၏ ။

ဇန်းရှုံ ထွက်သွားပြီးနောက် အားပေးသံများ ​ပြိုင်ပွဲကွင်း တစ်ခုလုံး ပြည့်သွားသည် ။ အားလုံးမှာ ထိုသို့ အဆင့်နိမ့် လျှပ်စီးကြွက် တစ်ကောင်အား ယခုကဲ့သို့ ပြိုင်ပွဲတွင် အားပေးရလိမ့်မည်ဟု မထင်ထားကြပေ ။

"နိုင်သွားပီ"ဆုယန်းယင်းသည် စင်ပေါ်တွင် တွေဝေစွာ ရပ်နေပြီး ဇန်းရှုံ ထွက်သွားခြင်းနှင့် အားပေးသံများအား ကြားနေရခြင်းကြောင့် အိမ်မက် မဟုတ်မှန်း သူမ သိလိုက်ရ၏ ။

ဆုယန်ယင်း သူမ လက်ထဲရှိ တစ်ချိန်က ဆက်သွယ်ထားခြင်းအား ဖျက်ရန် စီစဥ်ခဲ့သော လျှပ်စီးကြွက်က သူမအား ဘာမျှ လုပ်စရာ မလိုပဲ အနိုင်ယူ ပေးခဲ့ခြင်းအား မြင်ယောင်ကာ

"လျှပ်စီးဓား၊ လျှပ်စီးပုံရိပ်"ရေရွတ်ရင်း လျှပ်စီးကြွက်မှာ ယခင်က ယခုကဲ့သို့ ပါရမီနှင့် သင်ကြားနိုင်စွမ်း ရှိမရှိ စဥ်းစားနေ၏ ။

ထို့နောက်တွင် သူမ သားရဲ စတိုးဆိုင် တစ်ဆိုင်တွင် လျှပ်စီးကြွက်အား တစ်လခန့် အပ်ထားခြင်းအား သတိရကာ ပြန်ယူလာချိန်မှ သူမ၏ လျှပ်စီးကြွက်မှာ အခြား တစ်ကောင်ကဲ့သို့ ဖြစ်သွားခြင်းအား စဥ်းစားမိပြီး သူမ၏ ရှုပ်ထွေးနေသော စိတ်များ ပြန်လည် ကြည်လင်လာ၏ ။

ဆုယန်းယင်း ထိုအတွေးအား တွေးမိချိန်၌ ဖြစ်နိုင် မဖြစ်နိုင်ကိုလည်း ဝေခွဲမရ ဖြစ်နေ၏ ။
.
.
.
"အမြင် ကျယ်သွားတာပဲ"

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Kde žijí příběhy. Začni objevovat