အခန်း ၈ သားရဲ ဥဖောက်ခြင်း

Start from the beginning
                                    

"စနစ် ၊ စွမ်းအင်အမှတ် အမြန်ရအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိလား"စု ပင်း စိတ်ထဲမှ မေးလိုက်ရာ

(သားရဲ အစာရောင်းခြင်းမှာ စွမ်းအင်အမှတ်အား အမြန်ရနိုင်သည်) စနစ်မှ ခနအကြာတွင် မတင်မကျ ဖြေလာ၏ ။

ထို သားရဲ အစာရောင်းခြင်း ဝန်ဆောင်မှုအား စုပင်း သတိရကာ ကြက်သီးထလာပြီး "သားရဲအစာတွေ အတွက်က ပျိုးထောင်ခြင်း နယ်မြေတွေမှာ ရှာရမယ် ။ နယ်မြေတိုင်းကတော့ မိုးကြိုးတိမ်တိုက် နယ်ပယ်လိုတော့ မဟုတ်ဘူးမလား"စုပင်း စိုးရိမ်စိတ်နှင့် စဥ်းစားလိုက်သည် ။

စုပင်းသည် အချိန်မရွေး အန္တရာယ်ရောက်နိုင်သော နေရာများကို ယခင်တစ်ခေါက်နှင့်ပင် လုံလောက်သွားကာ နောက်ထပ် မသွားချင်ပေ ။

သူ့အနေနဲ့ ချက်ချင်း သေသွားခဲ့လျှင်  ပြဿနာ မရှိသော်လည်း ဖြည်းဖြည်းချင်း ခံစားရပြီး သေရမည်ကိုတော့ စုပင်း ကြောက်မိသည် ။

(မိုးကြိုးတိမ်တိုက် နယ်ပယ်သည် ပျိုးထောင်ခြင်း နယ်မြေ များစွာမှ တစ်ခုသာဖြစ်ပြီး အထက်တန်း အဆင့်ရှိ နယ်မြေ တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်နှင့်အညီ လက်ခံသူတွင် ရှိသော စွမ်းအင်အမှတ်မှာ နောက်တစ်ခါ သွားရန် မလုံလောက်ပါ ။ လက်ရှိ စွမ်းအင်အမှတ်အတွင်း စျေးနှုန်းရှိသော နယ်မြေများမှ ရှာပါ ။ ပြုစုပျိုးထောင်ခြင်း နယ်မြေမှာ အဆင့် မြင့်လေလေ သားရဲအစာမှာလည်း အရည်အသွေး ကောင်းလေလေ ဖြစ်ပါတယ်) စနစ်မှ ပြောရာ

"ဘာ ၊ စျေးနှုန်း ၊ စွမ်းအင်အမှတ်? "ဘောပဲပေါ့.."

စုပင်း မတ်ခနဲ ဖြစ်သွား၏ ။

(ဒုတိယအကြိမ် ညစ်ညမ်းစကား သုံးခြင်း သတိပေးချက်)

ကြားလိုက်ရသည်နှင့် စုပင်း ရှုံ့မဲ့သွားသည် ။
"ပျိုးထောင်ခြင်းနယ်မြေ သွားဖို့ ပေးရဦးမယ်?သားရဲ စနစ်လား ၊ ငွေရှာခိုင်းတဲ့ စနစ်လား"စုပင်း တွေးရင်း အနည်းငယ် ရယ်လိုက်မိသည် ။ မကြာသေးခင်က ၎င်းမှာသူမသွားချင်သည့်နေရာ ဖြစ်ခဲ့ပြီး ခနအကြာ၌ သူသွားချင်လျှင်ပင် သွားရန် မတတ်နိုင်၍ ဖြစ်၏ ။

စုပင်း ယခင် ၃ ရက်အတွင်း လျှပ်စီးကြွက်ကိုသာ အာရုံထားကာ လေ့ကျင့်ပေးခဲ့ပြီး သူ့အတွက် သားရဲအစာ လိုက်ရှာရန် အကောင်းဆုံး အခွင့်အရေးအား လက်လွှတ်လိုက်ရသဖြင့် နောင်တ ရလာ၏ ။ အကယ်၍ ဒီလို သားရဲအစာ ရောင်း၍ ရမှန်းသိလျှင် အချိန်ယူကာ လျှပ်စီးမျိုးနွယ် သားရဲအစားများ စုပင်း လိုက်ရှာနိုင်မည် ဖြစ်သည်။ထို့ကြောင့်

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ ၁)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ Where stories live. Discover now