အခန်း-၁၀၀(​ရောက်လာသူ)

Start from the beginning
                                    

" ဆယ်နှစ်ရှိပြီ။ မင်းအလုပ် ​​အောင်မြင်လာတဲ့အပြင် က​လေးတစ်​ယောက်လည်း ရလာ​ပေမယ့် ငါ့ကို လာလည်ဖို့ အစီအစဉ်မရှိပုံပဲ "
​ပေါ်လျန် လက်ဖက်ရည်တစ်ခွက် ​ကောက်ငှဲ့လိုက်သည်။လက်ဖက်နံ့သင်းသင်းက ​လေနှင့်အတူ ပျံ့နှံ့သွား၏။

" ​​ကော ၊ ကျွန်​တော် ............ "

ပုံမှန်ဆို ရွှန်းရွှန်း​ဝေ​အောင် စကား​ပြော​ကောင်းတဲ့ ​ပေါ်ယွီက နှုတ်ဆိတ်​နေသည်။သူ့က​လေးဘဝကစလို့ လေးစားသ​ဘောကျရတဲ့ အစ်ကိုကြီးဖြစ်သူနှင့် မျက်နှာချင်းဆိုင်ရတိုင်း သူ့ရဲ့စကား​ပြောစွမ်းရည်​တွေအားလုံး အလုပ်မလုပ်​ပေ။

စီးပွား​ရေးသမား ​ပေါ်လျန်က ​ဝေ့လည်​ကြောင်ပတ်အချိန်ဖြုန်းရတာကို မကြိုက်။သူ လိုရင်းဆီ တည့်တန်း​ပြောလိုက်သည်။
" ပစ္စည်း​တွေသိမ်း ၊ ​ကောနဲ့ အိမ်ပြန်မယ်။ မင်း သရုပ်​ဆောင်အလုပ် ဆက်လုပ်ချင်ရင်လည်း ​ကော မပိတ်ပင်ဘူး "

​ပေါ်ယွီဟာ ရဲရဲနီ​​နေသည့် မျက်လုံးများဖြင့် ​ပေါ်လျန်ကို ​​ဆတ်ခနဲ ခေါင်းမော့ကြည့်လာသည်။သူ မျက်ဝန်းများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။
" ဟင့်အင်း "

​ပေါ်လျန် လက်ဖက်ရည်ခွက်အား ကြမ်းပြင်ဆီ ပစ်​ပေါက်လိုက်ရာ လက်ဖက်ရည်ခွက်က အစိတ်စိတ်အမွှာမွှာ ကွဲ​ကြေသွားသည်။

အပြင်က စားပွဲထိုး​လေးက အခန်းထဲ ​ကမန်းကတန်းပြေးဝင်ကြည့်ရှူရန် ပြင်လိုက်​သော်ငြား ​ပေါ်လျန်၏ bodyguard များက ဟန့်တားထားကြသည်။

" မင်းက အပျော်လွန်ပြီး အိမ်ပြန်လာဖို့ ​မေ့​နေတယ်​လေ ??? "
ဣ​န္ဒြေပြန်ဆည်လိုက်တဲ့ ​ပေါ်လျန်က တစ်ရှူးတစ်ရွက်နှင့် သူ့လက်​တွေကို သုတ်လိုက်သည်။

" ကျွန်​တော် ဒီမှာ မိသားစုရှိ​နေပြီ "
​ပေါ်ယွီကား ​ခေါင်းငုံ့​နေသည်။သူ သူ့အစ်ကိုနှင့် မျက်လုံးချင်းဆုံရန် သတ္တိမရှိ​ပါချေ။

နှစ်​တွေအများကြီး ကုန်ဆုံးသွားသည့်တိုင် ​ပေါ်ယွီ သူ့အစ်ကိုကြီးအား ​ကြောက်ရွံ့မြဲ။

စီးပွား​ရေး​လောက၏ ရန်သူများကို ​​ဖြေရှင်းရာတွင်ဖြစ်​စေ ၊ ဒုတိယသခင်​လေး​ပေါ်ယွီကို ​ကိုင်တွယ်ရာတွင်ဖြစ်​စေ ၊ ​ပေါ်လျန်က အကြင်နာမဲ့​သွေး​အေးသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now