Chapter (3) Zawgyi

Start from the beginning
                                    

"ဒါလေးအရှိန်ရနေလို့ဗျ အစ်ကိုရော"

"ကိုယ်ကသွားတော့မှာ...မင်းလဲစားတော့လေ ကိုယ်ဒီကိုပြန်လာတာနည်းနည်းနောက်ကျမယ်နော် ဆယ်မင်းဆက်ကို ဝင်ကြိုရအုံးမှာမို့လို့...ဆယ်လေးက ကားမမောင်းနိုင်တော့ ဒရိုင်ဘာကအလုပ်ပျက်ရင် ကိုယ်ပဲတာဝန်ယူနေရတာ"

ကိုလင်းမာန်သည် ပါးစပ်ကငြူစူသလိုပြောနေပေမဲ့ မျက်နှာကအပြုံးတော့မပျက်ပေ။ ဆယ်မင်းဆက်ကားမမောင်းနိုင်ခြင်းမှာ ကားအက်စီးဒန့်ကြောင့်ဆိုတာ သူနားလည်လိုက်သည်။ ထိုကားတိုက်မှုမှာ ကိုလင်းမာန်အဖေနှင့်အတူ ဆယ်မင်းဆက်ပါရှိခဲ့သည်။ ကလေးငယ်ငယ်လေးမှာ ထိုသို့ကြောက်မက်ဖွယ်ရာမတော်တဆကို ကြုံလိုက်ရတဲ့အပြင် ဖခင်ကိုပါဆုံးရှုံးလိုက်ရသေးသည်။ အန်တီမေခင်တို့ တောင်ကြီးကိုပြောင်းသွားရခြင်းမှာ ဆယ်မင်းဆက်၏စိတ်ကျန်းမာရေးအခြေအနေကြောင့်လည်း ပါသည်။

"ရှေ့အပတ်ထဲ အမေ့မွေးနေ့လာရင် ဆယ်လေးကိုပါ ပါအောင်ခေါ်ခဲ့ပါဗျာကျွန်တော်တွေ့ချင်လို့"

"ဟုတ်ပြီ ရအောင်ခေါ်ခဲ့မယ်"

ကိုလင်းမာန်စကားကြောင့် သူကျေနပ်သွားကာ ခေါင်းညိတ်ပြလိုက်သည်။

ထိုကလေးက အရင်လိုသူ့ကိုခင်တွယ်တော့မှာ မဟုတ်တာတော့ကျိန်းသေ၏။ ကြားထဲမှာတကူးတကတွေ့ဖို့ မလုပ်တာကိုကြည့်တာနှင့် သိသာပါသည်။ ဘာပဲဖြစ်ဖြစ် သူကတော့ဒီအခွင့်ရေးကိုအသုံးချပြီး မျက်နှာလေးဖြစ်ဖြစ် မြင်ဖူးအောင်လုပ်ရမည်။








...........................................................



ဒီအချိန်ကစနှင့် ကမ္ဘာအပြင်ဘက် သီချင်းကိုကြားရတာ အခုတစ်ခေါက်ပါဆို ဘယ်နှစ်ခေါက်မှန်းမသိတော့။ မင်္ဂလာခန်းမသည် ဧည့်ပရိတ်သတ်များဖြင့် စည်ကားလို့နေသည်။ သတို့သားနှင့်သတို့သမီးသည် သူတို့ရှိရာကိုတစ်ခေါက်ရောက်လာပြီး နှုတ်ဆက်သေးသည်။

သူကတော့ သူငယ်ချင်းတွေကြားထဲမှာနောက်ဆုံးမှလာသူဖြစ်သည်။ ဖြစ်နိုင်လျှင် မလာဘဲရှောင်ချင်ပေမဲ့ ကျောင်းနေဖက်သူငယ်ချင်း အရင်းခေါက်ခေါက်၏ မင်္ဂလာဆောင်ဖြစ်နေတော့ ရှောင်လွှဲဖို့ မသင့်တော့ပေ။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now