နင်မုန့် ထပြီးနောက် ဆေးကြော သန့်စင်လိုက်သည်။ ပြီးနောက်မှာတော့ ရေခဲသေတ္တာထဲမှ ပေါင်မုန့် တစ်ချပ်ယူပြီး အပူပေးလိုက်သည်။ သူမ ကိုယ်တိုင်အတွက် ကော်ဖီတစ်ခွက် ‌ဖျော်လို့ထားပြီးနောက် ပေါင်မုန့် စားနေရင်းနဲ့ groupထဲကို message ပို့လိုက်သည်။

နင်မုန့် : [သူ့မိန်းမဆိုတာ credit cardကို ပြောနေတာ။ ဒီမတိုင်ခင်ကလည်း သူ ကောင်မလေး ထားဖူးရဲ့လားတောင် ငါတော့ သံသယ ၀င်မိတယ်]

စာပို့ပြီးနောက် အောက်ထပ်ကို သူမ ဆင်းလာလိုက်သည်။ ပြီးနောက်မှာတော့ ကားထဲဝင်ပြီး အလုပ်ကို မောင်းသွားလိုက်သည်။

'Throne of Songs' နောက်ဆုံးပြိုင်ပွဲက နောက်သုံးရက်နေရင် ကျင်းပတော့မှာ ဖြစ်သည်။

မနေ့က သူတို့ သီချင်းရွေးပြီးတာ ဖြစ်တာမို့ ဒီနေ့တော့ ခန်းမမှာ လေ့ကျင့်ရမှာ ဖြစ်သည်။ အခုအချိန်မှာ လင်းချင်ပေ့ကလည်း မဆိုစလောက် နာမည်ရလာပြီမို့ ကုမ္ပဏီကလည်း ပထမဆုံး albumထုတ်ပေးဖို့ စီစဉ်ထားခဲ့သည်။ ကုမ္ပဏီထဲမှာ သူနဲ့ ညှိနှိုင်းဖို့ ကျန်သေးတဲ့ စီးပွားရေးကိစ္စတချို့လည်း ရှိနေသေးသည်။

ကုမ္ပဏီရဲ့ အနာဂတ်မှာ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကို စူးစမ်းချင်တာမို့ နင်မုန့် ကုမ္ပဏီဆီကို ပြန်သွားလိုက်သည်။

အောက်ဘက်မှာ ကားရပ်လိုက်၏။ အပေါ်ထပ်သို့ တက်နေတုန်းမှာပဲ group chatထဲမှ ပြန်စာကို သူမ တွေ့လိုက်သည်။

ချီရှန် : [အထက်တန်းတုန်းက ငါ့အခန်းထဲက အလှဆုံးကောင်မလေးကို ချစ်ခဲ့ဖူးတယ်။ ငါ့ သတ္တိတွေစုပြီးတော့ သူမကို QQကနေ စာပို့ခဲ့တာ။ "ငါ့မျက်လုံးတွေက နင့်ကိုပဲ ကြည့်နေမိတာ အတော်ကြာနေခဲ့ပြီ..." နောက်လည်းကျရော ကောင်မလေးက စာပြန်လာတယ် "ငါ့ရဲ့ မုန့်တွေ အစပ်ချောင်းတွေရဲ့ တ၀က်ကို နင်ကို နေ့တိုင်း ကျွေးပါ့မယ်။ အခန်းစောင့် ဆရာမကိုတော့ သွားမပြောပါနဲ့နော်😁"တဲ့]

နင်မုန့် : [ပြီးတော့ရော?]

ချီရှန် : [နောက်တော့ ငါအရမ်း ဒေါသထွက်လို့ ဆရာမကို အဲ့အကြောင်း ပြောပြလိုက်တယ်။ ဆရာမကလည်း သူမကို ကြောက်ဖို့ကောင်းလောက်အောင် ဆူခဲ့တာ]

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now