လေးပင်နေသော ခြေထောက်တွေကိုသယ်ရင်း နောက်ဆုံးတော့သူနေသည့်ကွန်ဒိုကိုရောက်လာခဲ့ပြီ။ ကွန်ဒိုအတွင်းပိုင်းသည် ဧည့်ခန်း မီးဖိုခန်းဘယ်နေရာကိုပဲ ကြည့်ကြည့်သန့်ရှင်းလို့နေ၏။ အမှိုက်များ၊ သောက်လက်စဘီယာဗူးခွံများမရှိ။ သောက်ပြီးလျှင် အကုန်လုံးကိုသေချာပြန်ရှင်းတာမို့။ အမှိုက်တစ်စပင်မကျန်အောင် နေ့တိုင်းသန့်ရှင်းရေး လုပ်နေတာမို့။
ပုံမှန်အခြေအနေဖြစ်ကြောင်း အတင်းလုပ်ယူဟန်ဆောင်ထားသည့် သူ့နေ့စဥ်ဘဝဖြတ်သန်းမှုတွေက ဘာကိုသက်သေပြဖို့ပါလိမ့်။

ချန်ထားခံရတဲ့ ဒီလူကဘာမှထိခိုက်မသွားဘူးဆိုတာကိုလား။

အသည်းလေးကွဲတာနဲ့ပဲ ဘဝပျက်မသွားဘူးဆိုတာကိုလား။

၅နှစ်ကျော်တွဲခဲ့တဲ့ ချစ်သူကလမ်းခွဲစကားဆိုပြီး ထားခဲ့ခံရတာကို သူကအေးဆေးစွာပဲ လက်လွှတ်ပေးခဲ့တယ် အတိတ်တွေကိုလွှတ်ချပြီး ဘဝကအဆင်ပြေလွန်းစွာရှေ့ဆက်လျှောက်လှမ်းနေတယ်လို့လား။

သူကဘယ်သူ့ကို သက်သေပြချင်နေတာပါလိမ့်။

ရေပန်းအောက်ထဲဝင်လိုက်သော
အခါ ရေအေးတွေက ခန္ဓာကိုယ်တစ်ခုလုံးပေါ် ဖျန်းကျလာသည်။ မျက်လုံးကိုမှိတ်ထားလိုက်လျှင် အမည်တပ်မရသည့်ခံစားချက်တွေကို ရှင်းလင်းပြတ်သားစွာ ခံစားရသည်။

မဟုတ်ဘူး အမည်တပ်မရတဲ့ခံစားချက်မှမဟုတ်တာ ဒါကိုသူဝန်မခံချင်ရုံပါ။

ဒါဟာတကယ်တမ်းတော့ နာကျင်မှုပဲလေ။

အသည်းခိုက်အောင်နာကျင်မှု၊ ရုန်းထွက်မရဘဲ ပိတ်မိနေသည့်နာကျင်မှု ပြီးတော့ဒေါသတွေပေါင်းစည်းနေသည့်နာကျင်မှု၊ လွမ်းဆွတ်မှုနှင့်ရင်ကွဲနာကျမှုတို့ အချိုးကျကျပေါင်းထားသည့်နာကျင်မှု။

မျက်နှာပေါ်ကရေတွေကိုလက်ဖြင့် ပွတ်သပ်လို့ မျက်လုံးဖွင့်လိုက်သည်။ ထို့နောက်နာကျင်မှုဆိုသည့်အရာကို မသိချင်ယောင်ဆောင်ပစ်လိုက်သည်။

ရေကိုခပ်သွက်သွက်ချိုးပြီး ရေချိုးဝတ်စုံဝတ်လျက် မွေ့ရာပေါ်တက်လှဲသည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now